Wednesday, June 26, 2019

မလေးရှားမှာအရက်အတု ဖြန့်ဖြူးရောင်းချတဲ့ မြန်မာနိုင်ငံသား ၇ ဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီး


မလေးရှားနိုင်ငံ ဂျလန်ကာဂျန်ဒေသရှိ နှစ်ထပ်တိုက် တစ်လုံးမှာ အရက်အတု လုပ်နေတဲ့ မလေးရှား တစ်ဦးနဲ့ မြန်မာနိုင်ငံသား ၇ ဦးကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ဇွန်လ ၂၅ ရက်နေ့က မလေးရှား သတင်းဌာနတစ်ခုက ဖော်ပြခဲ့ပါတယ်။ 
မလေးရှား ရဲတပ်ဖွဲ့ဟာ အရက်တု လုပ်နေသူတွေကို ဖြိုခွင်းမှုတွေလုပ်ချိန်အတွင်း လီဘတ် ဗစ်တိုးရီးယား ဈေးဆိုင်ရှေ့မှာ အသက် ၅၀ အရွယ်ရှိဒေသခံတစ်ဦးကို စတင်ဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။ 
၎င်းနောက် နှစ်ထပ်တိုက်မှာအရက်တုလုပ်နေတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးခဲ့ကြောင်း၊ အရက်တံဆိပ်အမျိုးမျိုးကိုလည်း တွေ့ရှိသိမ်းဆည်းခဲ့ကြောင်းသိရပါတယ်။ 
အဆိုပါ နှစ်ထပ်တိုက်ကိုအရက် အတု လုပ်ရာမှာ အသုံးပြုနိုင်ဖို့ ငှားရမ်းထားတာဖြစ်ကြောင်း ၊ အရက်တုတွေကို အိတ်အနက်ထဲ ထည့်ကာဖြန့်ဖြူးမှုများပြုလုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှီသူ ချီအေ၀မ်ကပြောပါတယ်။ 
ထုတ်လုပ်ပြီးသား အရက်တုပုလင်း ရာချီ အရက်ချက်စက် လေးခုကို သိမ်းဆည်းခဲ့ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။ 
စုံစမ်းစစ်ဆေးချက်တွေအရ အရက်အတုတွေကို ပြည်နယ် အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ နိုငင်ံခြားသားတွေကို ရောင်းချခဲ့ကြောင်း သိရပါတယ်။ 
ရဲတွေဟာ အရက်တု ဖြန့်ဖြူးရောင်းချရမှာ အဓိက ကျသူတစ်ဦးဖြစ်တဲ့ ဒေသခံတစ်ဦးကို စုံစမ်းရှာဖွေနေပါတယ်။ 
ပီနန်ပြည်နယ်မှာ အရက်ချက်ရာမှာ သုံးတဲ့ မက်သနော ထည့်တဲ့နှုန်းများတာကြောင့် လူသေဆုံးမှုများရှိခဲ့ကြောင်းလည်း သိရပါတယ်။ 
နေ၀န်း 
Ref; Tujuh lelaki Myanmar proses arak tiruan ditahan
Isee Media 

0 comments:

Post a Comment