Wednesday, June 26, 2019

MIU ဝန်ထမ်းသေဆုံးမှုကို အသေးစိတ် စုံစမ်းသွားမည်


Myanmar Imperial University (MIU) ကဝန်ထမ်းဖြစ်သူ အသက်(၂၆)နှစ်အရွယ် ကိုကျော်ဇင်ဝင်း သေဆုံးမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး အသေးစိတ်စုံစမ်းသွားမယ်လို့ Myanmar Imperial Universityကတာဝန်ရရှိသူတစ်ဦးကပြောပါတယ်။ 
လုပ်ငန်းခွင်အတွင်း လိင်စိတ်ခံယူမှုဆိုင်ရာ ကွဲပြားခြားနားမှု အပေါ် အခြေခံပြီး ခွဲခြားဆက်ဆံ လှောင်ပြောင်ခံရတဲ့အတွက် ကိုယ်ကိုကိုယ်အဆုံးစီရင်သွားခဲ့တာဖြစ်တယ် လို့ မသေဆုံးခင် သူရဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားထားချက်တွေအရသိရပါတယ်။ 
MIU အနေနဲ့ လုပ်ငန်းစတင်ချိန်ကတည်းက ကျား/မ လိင်စိတ်ခံယူမှုဆိုင်ရာ ကွဲပြားခြားနားမှုအပါအဝင် ခွဲခြားဆက်ဆံမှု၊ နှောင့်ယှက်မှု မပြုဖို့ မူဝါဒချမှတ်ထားတာကြောင့် ဒီကိစ္စကို စုံစမ်းစစ်ဆေးသွားမှာဖြစ်ပြီး ယင်းဖြစ်ရပ်မှာ ပါဝင်ပတ်သက်သူလို့ ယူဆရတဲ့ (၃)ယောက်ကို အလုပ်ကနေယာယီရပ်ဆိုင်းထားတယ်လို့ လည်း Myanmar Imperial Universityရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 

သတင်း- စန်းဝေအောင်
One News Myanmar 

0 comments:

Post a Comment