Friday, July 3, 2020

ဖားကန့်မြေပြိုမှုကြောင့် ရခိုင်တိုင်းရင်းသား(၆၀)ကျော်သေဆုံး

ဖားကန့်မြေပြိုမှုဖြစ်စဉ်ဟာ ရခိုင်လူမျိုးတွေရဲ့ဆုံးရှုံးပျက်စီးမှုအများအပြားထဲ ဖြစ်စဉ်တစ်ခုလို့ ရခိုင်အမျိူးသားပါတီ(ANP)က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်ကျောက်စိမ်းနယ်မြေဝှေခါမှော်ထဲ ဇူလိုင်လ (၂)ရက်နေ့က မြေစာပုံပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ရာနဲ့ချီသေဆုံးခဲ့တာနဲ့ ပတ်သက်ပြီးဝမ်းနည်းကြောင်း ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
အဲ့ဒီမြေပြိုမှုဖြစ်စဉ်ကြောင့် သေဆုံးခဲ့တဲ့ ရေမဆေးကျောက်ရှာဖွေသူတွေထဲမှာ ရခိုင်တိုင်းရင်းသား(၆၀) ကျော် ပါဝင်တယ်လို့ ANP က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် တိုင်းရင်းသားပေါင်းစုံရဲ့အသက်ရှင်သန် ရပ်တည်ရေးအတွက် အာမခံချက်ရှိတဲ့ အသက်မွေးဝမ်း ကျောင်း အလုပ်အကိုင်တွေ မဖော်ဆောင်နိုင်သရွေ့ အခုလိုမျိုး ဝမ်းနည်းကြေကွဲဖွယ်ကောင်းတဲ့ ဖြစ်ရပ်မျိုးတွေ ဖြစ်ပေါ် နေဦးမယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။
နိုင်ငံတော်ရဲ့အတိုင်ပင်ခံကလည်း တရားမဝင်သွားပြီး ကျောက်တူးနေတယ်ဆိုတာဟာ တရားဝင်အလုပ်ရှာဖို့ ခက်ခဲနေတဲ့အခြေအနေအတိုင်းအတာတစ်ခုထိရှိနေတယ်ဆိုတာ ဖော်ပြနေတာလို့ ဒီနေ့မနက်ပြောကြားခဲ့ပါသေးတယ်။
မြေစာပုံပြိုကျမှုကြောင့် သေဆုံးသွားတဲ့အရေအတွက်ဟာ ဒီနေ့ဇူလိုင် (၃)ရက်၊ နေ့လည်(၁)နာရီခွဲအထိ အယောက်(၁၈၀)ဝန်းကျင်ရှိသွားပြီလို့ စာရင်းပြုစုနေတဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
Ref ; O Media

0 comments:

Post a Comment