Friday, July 3, 2020

"အောင်ဆန်း" ရုပ်ရှင်တွင် ဂဠုန်ဦးစောအဖြစ် သရုပ်ဆောင်ရန် မင်းသမီးချော ဆုပန်ထွာရဲ့ခင်ပွန်းဖြစ်သူကိုဥက္ကာကျော်အား ရွေးချယ်လိုက်ပြီဖြစ်

"အောင်ဆန်း" ရုပ်ရှင်တွင် ဂဠုန်ဦးစောအဖြစ် ပါဝင်သရုပ်ဆောင်ရန် ၂၀၂၀ ခုနှစ် ဇွန်လ (၅) ရက်နေ့တွင် ကြေငြာခေါ်ယူခဲ့ပြီး Message Box မှသော်လည်းကောင်း၊ စာတိုက်မှသော်လည်းကောင်း လာရောက်လျှောက်ထားသော လျှောက်လွှာပေါင်း (၂၉) စောင်ကို လက်ခံရရှိခဲ့ပါသည်။
ထိုလျှောက်ထားသူများထဲမှ အသက်အရွယ်၊ အရပ်အမောင်း၊ ရုပ်ရည်ဆင်တူမှုစသည်တို့အပေါ်မူတည်၍ Casting Director ဒါရိုက်တာ ပန်းချီစိုးမိုးနှင့် ဒါရိုက်တာ လူမင်းတို့မှ စိစစ်ရွေးချယ်ခဲ့ရာ ကိုဉက္ကာကျော်တစ်ဦးတည်းကိုသာ ရွေးချယ်နိုင်ခဲ့ပါသည်။
သို့ဖြစ်ပါ၍ ကိုဥက္ကာကျော် အား ပထမဆင့်အနေဖြင့် ဂုဏ်ယူစွာ ရွေးချယ်လိုက်ပါသည်။ ဒုတိယအဆင့်အနေဖြင့် လူတွေ့စစ်ဆေးခြင်း၊ သရုပ်ဆောင်မှုစစ်ဆေးခြင်း၊ Character Make-up Test ပြုလုပ်ခြင်းများကို မကြာမီရက်ပိုင်းတွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။
Photo - Oakkar Kyaw'sFB
>>zawgyi<<

0 comments:

Post a Comment