Friday, July 3, 2020

ဗြိတိန်နိုင်ငံမှာ အင်္ဂလိပ်ကျွန်ကုန်သည်ရုပ်တုကို ဖြိုချခဲ့မှုဖြင့် အမျိုးသားတစ်ဦးကို ဖမ်းဆီး

ဗြိတိန်နိုင်ငံမှာ ပြီးခဲ့တဲ့လက ဂျော့ချ်ဖလွိုက် ဆန္ဒပြမှုအတွင်း ၁၇ ရာစု အင်္ဂလိပ်ကျွန်ကုန်သည်တစ်ဦးရဲ့ ရုပ်ထုကို ဖြိုချခဲ့မှုနဲ့ အမျိုးသားတစ်ဦးကို ဖမ်းဆီးလိုက်ပြီလို့ ဗြိတိန်ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။
အမေရိကန်နိုင်ငံမှာ လူမည်းအမျိုးသား ဂျော့ချ်ဖလွိုက် သေဆုံးမှုနဲ့ပတ်သက်ပြီး အင်္ဂလန်နိုင်ငံ အနောက်ပိုင်းရှိ Bristol ဆိပ်ကမ်းမြို့မှာ ဆန္ဒပြသူတွေဟာ အင်္ဂလိပ်ကျွန်ကုန်သည် Edward Colston ရဲ့ ရုပ်တုကို ပြိုလဲအောင် ကြိုးတွေနဲ့ ဆွဲချကာ ရေထဲကို ပစ်ချခဲ့ပါတယ်။
Colston ဟာ အနောက်အာဖရိက ကျွန်တွေကို ကုန်သွယ်ခဲ့သူဖြစ်ကာ သူ့ရဲ့ရုပ်တုဟာ Bristol မြို့မှာ ကြ မြင့်စွာ အငြင်းပွားဖွယ် ပြဿနာတစ်ခု ဖြစ်ခဲ့ပါတယ်။ Colston ရဲ့ ရုပ်ထုကို ပြန်လည်ဆယ်ယူပြီးနောက် ၎င်းရုပ်ထုကို Black Lives Matter စာတန်းတွေနဲ့အတူ ပြတိုက်မှာ ပြသသွားမယ်လို့ မြို့တော်ဝန်က ပြောကြားခဲ့ပါတယ်။ အဆိုပါ ဖြစ်ရပ်ပြီးတဲ့နောက်မှာ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီပြဿနာအပေါ် လူတွေရဲ့ ပြင်းထန်တဲ့ ခံစားချက်ကို နားလည်ကြောင်း၊ ဒါပေမယ့် ရုပ်ထုကို ဖယ်ရှားပစ်တာကတော့ ရာဇဝတ်မှုဖြစ်သွားကြောင်း ပြောဆိုခဲ့ပါတယ်။
ပညာရှင်တွေနဲ့ ပြည်သူ့ရေးရာတာဝန်ရှိသူတွေက ဒီလိုမျိုးအထိန်းအမှတ် ရုပ်တု၊ အဆောက်အအုံတွေ ဖျက်စီးခြင်းကို ဆန့်ကျင်ကြောင်း ဖော်ထုတ်ပြောဆိုခဲ့ပြီး ရုပ်ထုတွေဟာ သမိုင်းကို ထင်ဟပ်စေရုံသာမက ဆွေးနွေးညှိနှိုင်းရာမှာလည်း အချက်တစ်ခုအနေနဲ့ အသုံးပြုလို့ရကြောင်း ပြောဆိုခဲ့ပါတယ်။
Ref ; AKon Thi

0 comments:

Post a Comment