Friday, July 3, 2020

အငြင်းပွားမှုများ ဖြစ်ပေါ်နေသည့် တောင်တရုတ်ပင်လယ်ပြင်တွင် တရုတ်နိုင်ငံ၏ စစ်ရေးလေ့ကျင့်မှုများနှင့်ပတ်သက်၍ ပင်တဂွန်မှ ပြစ်တင်ဝေဖန်လျက်ရှိ

ဇူလိုင်လ ၂ ရက်နေ့တွင် အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနသည် တောင်တရုတ် ပင်လယ်ပြင်တွင် တရုတ်နိုင်ငံ၏ စစ်ရေးလေ့ကျင့်မှုများနှင့်ပတ်သက်၍ စိုးရိမ်ပူပန် လျက်ရှိကြောင်း၊ အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် အငြင်းပွားမှုများ ဖြစ်ပေါ်နေသည့် ရေပိုင်နက်အတွင်း အခြေအနေများကို ပိုမိုဆိုးရွားစေမည်ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။
အငြင်းပွားမှုများ ဖြစ်ပေါ်နေသည့် တောင်တရုတ်ပင်လယ်ပြင်တွင် စစ်ရေးလေ့ကျင့် မှုများပြုလုပ်ခြင်းသည် တင်းမာမှုများလျော့ကျရန်နှင့် တည်ငြိမ်အေးချမ်းမှုရှိစေရန် ကြိုးပမ်းအားထုတ်မှုများကို နှောင့်နှေးကြန့်ကြာစေမည်ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
တရုတ်နိုင်ငံသည် Paracel ကျွန်းစုများ အနီးတွင် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ ၅ ရက်ကြာ စစ်ရေးလေ့ ကျင့်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း လွန်ခဲ့သော ရက်သတ္တပတ်က ထုတ်ပြန်ကြေညာခဲ့ပါသည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုနှင့်ပတ်သက်၍ ဗီယက်နမ်နှင့် တရုတ်နှစ်နိုင်ငံလုံးမှ အခိုင်အမာပြောကြားခဲ့ပါသည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုများသည် တရားမဝင်ရေကြောင်းသွားလာမှုဆိုင်ရာ တောင်းဆိုမှုများကို ပြောကြားရန်နှင့် တောင်တရုတ်ပင်လယ်ရှိ အာရှအိမ်နီးချင်းနိုင်ငံ များအပေါ် ခြိမ်းခြောက်မှုများပြုလုပ်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နောက်ဆုံး လုပ်ဆောင်ချက်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
အမေရိကန်နိုင်ငံမှ တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်တွင် စစ်အင်အား တိုးချဲ့မှုများ ပြုလုပ်လျက်ရှိပြီး တရုတ်နိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့များကို အသုံးချ လိုသော အာရှအိမ်နီးချင်းနိုင်ငံများအပေါ် ခြိမ်း ခြောက်ရန် ကြိုးပမ်းလျက်ရှိကြောင်း စွပ်စွဲပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံသည် စွမ်းအင်ကြွယ်ဝသော တောင်တရုတ်ပင်လယ်၏ ၉၀ ရာခိုင်နှုန်း ကို တောင်းဆိုလျက်ရှိပြီး ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နှင့် ဗီယက်နမ် နိုင်ငံတို့မှလည်း ၎င်းအစိတ်အပိုင်းများကို တောင်းဆိုလျက်ရှိပါသည်။ တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်မှတဆင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ၃ ထရီလီယံ တန်ဖိုးခန့် ကုန်သွယ်မှုများ ပြုလုပ်လျက်ရှိပါသည်။
Source - CNA #Myanmar_Online_News

0 comments:

Post a Comment