Friday, July 3, 2020

အောင်လအန်ဆန် ယခင်ကထက် ပိုမိုကျန်းမာလာပြီဟု ဖခင်ဖြစ်သူ ပြော

ကိုရိုနာဗိုင်းရပ်ကူးစက်ခံထားရကာ Covid-19 ရောဂါပိုးရှိနေသည့် MMA အားကစားသမား အောင်လအန်ဆန် ပိုမိုကျန်းမာလာပြီ မိသားစုများနှင့်အခန်းခွဲနေနေသောကြောင့် လသားအရွယ် သမီးလေးအပါအဝင် ကျန်သည့်မိသားစုဝင်များအတွက် စိုးရိမ်စရာမရှိကြောင်း ၎င်း၏ ဖခင် ဦးအန်ဆန်တူးအောင် ပြည်မြန်မာကိုပြောသည်။
ကိုရိုနာဗိုင်းရပ် ကူးစက်မှုသုံးသန်းခန့်ဖြင့် ကမ္ဘာ့ကူးစက်မှုအများဆုံးအမေရိကန်နိုင်ငံတွင် နေသော အောင်လအန်ဆန်သည် ပြီးခဲ့သောရက်ပိုင်းက ဖျားနာမှုများရှိခဲ့သောကြောင့် ဇွန်လ ၂၉ရက်တွင် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ယနေ့(ဇူလိုင် ၃ရက်) တွင် ရလဒ်မှာ Positive ဖြစ်နေ ကြောင်းသူက လူမှုစာမျက်နှာတွင် အသိပေး ဖော်ပြခဲ့သည်။
''သူ (အောင်လအန်ဆန်)က နည်းနည်းကောင်းသွားပါပြီ။ မနေ့ကတော့ ပြန်ကောင်းလာပါတယ်။ အိပ်ရာထဲမှာမနေတော့ဘူး။ သူက သူ့ကလေးတွေကို စိုးရိမ်လို့ တစ်ခန်းသတ်သတ်နေတာ။ မိသားစုဝင်တွေအတွက် ဒီလောက်စိုးရိမ်စရာမရှိပါဘူး'' ဟု ဦးအန်ဆန်တူးအောင်က ပြောသည်။
ကိုရိုနာဗိုင်းရပ်စစ်ဆေးမှုများကို ဖျားနာမှုရှိခဲ့သော အောင်လအန်ဆန်တစ်ဦးတည်း သာပြုလုပ်ခဲ့ကြောင်း ကျန်မိသားစုဝင် သုံးဦးလုံး ကျန်းမာရေး ကောင်းမွန်ကြောင်း သိရသည်။
ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည် ကိုယ်ခံပညာသိုင်းပေါင်းစုံတိုက်ခိုက်ရေးပြိုင်ပွဲ (ONE MMA ပြိုင်ပွဲ)တွင် ကမ္ဘာ့ချန်ပီယံ ခါးပတ်နှစ်ခုကိုရရှိထားသူဖြစ်ကြောင်း သိရပါသည်။
crd- Pyi Myanmar #Myanmar_Online_News
>>zawgyi<<
အောင်လအန်ဆန် ယခင်ကထက် ပိုမိုကျန်းမာလာပြီဟု ဖခင်ဖြစ်သူ ပြော
Friday, July 3, 2020
ကိုရိုနာဗိုင်းရပ်ကူးစက်ခံထားရကာ Covid-19 ရောဂါ ပိုးရှိနေသည့် MMA အားကစားသမား အောင်လအန်ဆန် ပိုမိုကျန်းမာလာပြီ မိသားစုများနှင့်အခန်းခွဲနေနေသောကြောင့် လသားအရွယ် သမီးလေးအပါအဝင် ကျန်သည့်မိသားစုဝင်များအတွက် စိုးရိမ်စရာမရှိကြောင်း ၎င်း၏ ဖခင် ဦးအန်ဆန်တူးအောင် ပြည်မြန်မာကိုပြောသည်။
ကိုရိုနာဗိုင်းရပ် ကူးစက်မှုသုံးသန်းခန့်ဖြင့် ကမ္ဘာ့ကူးစက်မှုအများဆုံးအမေရိကန်နိုင်ငံတွင် နေသော အောင်လအန်ဆန်သည် ပြီးခဲ့သောရက်ပိုင်းက ဖျားနာမှုများရှိခဲ့သောကြောင့် ဇွန်လ ၂၉ရက်တွင် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ယနေ့(ဇူလိုင် ၃ရက်) တွင် ရလဒ်မှာ Positive ဖြစ်နေ ကြောင်းသူက လူမှုစာမျက်နှာတွင် အသိပေး ဖော်ပြခဲ့သည်။
''သူ (အောင်လအန်ဆန်)က နည်းနည်းကောင်းသွားပါပြီ။ မနေ့ကတော့ ပြန်ကောင်းလာပါတယ်။ အိပ်ရာထဲမှာမနေတော့ဘူး။ သူက သူ့ကလေးတွေကို စိုးရိမ်လို့ တစ်ခန်းသတ်သတ်နေတာ။ မိသားစု ဝင်တွေအတွက် ဒီလောက်စိုးရိမ်စရာမရှိပါဘူး'' ဟု ဦးအန်ဆန်တူးအောင်က ပြောသည်။
ကိုရိုနာဗိုင်းရပ်စစ်ဆေးမှုများကို ဖျားနာမှုရှိခဲ့သော အောင်လအန်ဆန်တစ်ဦးတည်း သာပြုလုပ်ခဲ့ကြောင်း ကျန်မိသားစုဝင် သုံးဦးလုံး ကျန်းမာရေး ကောင်းမွန်ကြောင်း သိရသည်။
ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည် ကိုယ်ခံပညာသိုင်းပေါင်းစုံတိုက်ခိုက်ရေးပြိုင်ပွဲ (ONE MMA ပြိုင်ပွဲ)တွင် ကမ္ဘာ့ချန်ပီယံ ခါးပတ်နှစ်ခုကိုရရှိထားသူဖြစ်ကြောင်း သိရပါသည်။
crd- Pyi Myanmar #Myanmar_Online_News

0 comments:

Post a Comment