Friday, July 3, 2020

ဖားကန့် မြေပြိုမှုကြောင့် သေဆုံးသူ အယောက် (၁၈၀) ဝန်းကျင်အထိရှိလာ

ဖားကန့်မြို့နယ်၊ ဝှေခါမှော် မြေစာပုံပြိုကျမှုကြောင့် သေဆုံးသွားတဲ့အရေအတွက်ဟာ ဒီနေ့ဇူလိုင် (၃)ရက်၊ နေ့လည်(၁)နာရီခွဲအထိ အယောက်(၁၈၀)ဝန်းကျင်ရှိသွားပြီလို့ စာရင်းပြုစုနေတဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဆီက သိရပါတယ်။
မနေ့က ည(၁၂)နာရီအထိ (၁၆၄)လောင်းရှိခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာတော့ (၁၀)လောင်းဝန်းကျင် ထပ်ရှာတွေ့ထားတာလို့ သိရပါတယ်။
"ကျွန်တော်တို့ (၃)ရက်ဆက်တိုက်ရှာဖွေသွားမှာပါ။ အခုတော့ (၈)လောင်းကိုရရှိထားပါတယ်။ ဆယ်ယူဖို့ ကြိုးစားနေတယ်။"လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဖားကန့်)တာဝန်ခံ ကိုကြက်က ပြောပါတယ်။
အဲဒီမြေပြိုကျမှုမှာ မြေစာပုံနဲ့ နုံးရေထဲနစ်မြုပ်သွားတဲ့ ရေမဆေးကျောက်ရှာသမားအရေအတွက်ဟာ အယောက် (၃၀၀)ဝန်းကျင်ရှိနိုင်ပြီး အသက်ရှင်တဲ့အယောက်(၃၀)ကျော်ကိုတော့ ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာက စုပေါင်းလုပ်ကွက်ဟောင်းနေရာမှာ ရေမဆေးသမားတွေ ကျောက်ရှာနေချိန် မိုးရွာသွန်းမှုများလို့ ဇူလိုင်လ(၂)ရက်၊ မနက် (၇)နာရီဝန်းကျင်က မြေစာပုံပြိုကျခဲ့တာ ဖြစ်ပါတယ်။
Ref ; O Media

0 comments:

Post a Comment