Friday, July 3, 2020

မြိတ်တွင် ၊ ၁၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးထပ်မံပျောက်ဆုံး

မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊တက္ကသိုလ်ရပ် ၊မြရိပ်ညို(၁)လမ်းတွင်နေထိုင်တဲ့ အသက် ၁၁ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး ဇူလိုင်လ ၂ ရက်နေ့က ပျောက်ဆုံးသွားကြောင်းသိရပါတယ်။
တက္ကသိုလ်ရပ် ၊မြရိပ်ညို(၁)လမ်းတွင်နေထိုင်တဲ့ ဒေါ်ဝိုင်းဝိုင်းဟန် ၏ သမီးမစုစုစံ အသက် ၁၁ နှစ်၊ သည် နေအိမ်ခြံတွင်း သန့်ရှင်းရေး(တံမျက်စည်းလှဲ)လုပ်နေစဉ်မှာပဲ ပျောက်ဆုံးသွားတယ်လို့ ၎င်းရဲ့ မိသားစုအသိုင်းအဝိုင်းထံမှ သိရပါတယ်။
ကလေးပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး အုပ်ထိန်းသူမှ မြိတ်မြို့မရဲစခန်းမှာ လူပျောက်တိုင်ကြားထားပါတယ်။
မိတ်ဆွေတို့အနေဖြင့် မစုစုစံ ကိုတွေ့ရှိပါက အောက်ဖော်ပြပါဖုန်းနံပါတ်များသို့ ဆက်သွယ်အကြောင်းကြားပေးပါရန် အကူအညီတောင်းခံအပ်ပါတယ်။
ယခုတစ်ပတ်အတွင်း မြိတ်မြို့မှာ လူပျောက်မှုဟာ ၃ မှုအထိဖြစ်ပွားခဲ့ပါတယ်။
Ref ; Myat Htut - Myeik
ဆက်သွယ်ရန် ~
ph- 09 5640 824
09 785 641 759

0 comments:

Post a Comment