Friday, July 3, 2020

Covid -19 လူနာအမှတ် ၉၆နှင့် အနီးကပ် ထိတွေ့သူ ၁၃ဦးကို Home Quarantine လုပ်ဆောင်ထား

ဆေးရုံမှဆင်းပြီး တစ်လကျော်အကြာတွင် Covid-19 ရောဂါပိုး ပြန်တွေ့သည့် လူနာအမှတ် ၉၆နှင့် အနီးကပ် ထိတွေ့သူ ၁၃ဦးကို နေအိမ်စောင့်ကြည့်-Home Quarantine လုပ်ဆောင်ထားသည်။
လူနာအမှတ် ၉၆ ဆေးရုံမှဆင်းပြီး Home Quarantine တစ်ပတ် နေထိုင်ပြီးနောက်ပိုင်းတွင် အနီးကပ်ထိတွေ့သူများကို လိုက်လံစာရင်း ကောက်ယူရာတွင် အများစုမှာ ကျန်းမာရေးဝန်ထမ်းများ ဖြစ်သည့်အတွက် အားလုံးကို Home Quarantine လုပ်ဆောင်ထားခြင်း ဖြစ်ကြောင်း ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်ကပြောသည်။
“အားလုံးပေါင်း ၁၃ယောက်ပေါ့။ Home Quarantine လုပ်ထားပါတယ်။ သူတို့ရဲ့ တို့ဖတ်နမူနာတွေလည်း ယူထားပြီး ဖြစ်ပါတယ်” ဟု ဒေါက်တာဘစိုးသက်ကပြောသည်။
လက်ရှိတွင် ရောဂါပိုး တစ်ကျော့ပြန်တွေ့သည့် လူနာအမှတ် ၉၆မှာ ကျန်းမာရေး လုံးဝကောင်းမွန်ပြီး ၎င်းကို တာချီလိတ်ခရိုင်ဆေးရုံကြီးတွင် သီးခြား ခွဲထားကာ စောင့်ကြည့် ကုသပေးနေကြောင်း သိရသည်။
တာချီလိတ်မြို့မှ ပထမဆုံး Covid-19 အတည်ပြုလူနာဖြစ်သည့် လူနာအမှတ် ၉၆မှာ နှစ်ကြိမ်ဆက်ပိုးမတွေ့ သဖြင့် ကျိုင်းတုံဆေးရုံတွင် ၁၄ရက် စောင့်ကြည့်ပြီး မေလ ၂၀ရက်က ကျိုင်းတုံဆေးရုံမှ ဆင်းလာခြင်း ဖြစ် သည်။
ထို့နောက် ရန်ကုန်သို့ ပြန်ရန်အတွက် ဇွန်လကုန်ပိုင်းတွင် ရောဂါပိုးထပ်မံစစ်ဆေးကြည့်ရာ Covid-19 ပိုး ထပ်မံတွေ့ရှိခြင်း ဖြစ်သည်။
Ref ; MeKong News

0 comments:

Post a Comment