Friday, July 3, 2020

Quarantine စင်တာအဖြစ်အသုံးပြုနေတဲ့ မော်လမြိုင်တက္ကသိုလ်ထဲမှာ အခန်းတချို့ဖျက်ဆီးခံထားရ

Quarantine စင်တာအဖြစ်ပြုလုပ်ထားတဲ့ မော်လမြိုင်တက္ကသိုလ်ထဲမှာ အခန်းတွေဖျက်ဆီးခံခဲ့ရသလို ပိုက်ဆံတချို့လည်းပါသွားတယ်လို့ မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက သိရပါတယ်။
အဆောင်မှုးအခန်း၊ အဆောင်နည်းပြအခန်းနဲ့ ကျောင်းသူ/ ကျောင်းသားတွေရဲ့ အသုံးအဆောင်တွေထားတဲ့ အခန်းတွေဟာ သော့တွေရိုက်ဖျက်ခံထားရသလို ပြတင်းပေါက်မှန်တွေရိုက်ခွဲခံထားရပြီး ပစ္စည်းတွေနဲ့ စာရွက်စာတမ်းတွေ၊ အဝတ်အစားအသုံးအဆောင်တွေ ဖျက်ဆီးခံခဲ့ရတာလို့ သိရပါတယ်။
ဖျက်ဆီးခံလိုက်ရတဲ့ နေရာတွေက ပိုက်ဆံတွေ၊ ကွန်ပျုတာ Hard Disk နဲ့ စာအုပ်တွေလည်း ပျောက်ဆုံးနေသလို အပေါ့(ဆီး) သွားထားတဲ့ ဘူးတွေကိုပါ အခန်းထဲမှာထားခဲ့တယ်လို့ သိရပါတယ်။
"Quarantine သမားတွေထဲမှာ ဘယ်အသုတ်က ဘယ်လိုဖြစ်သွားတယ်ဆိုတာတော့မသိရသေးဘူး။ ကျွန် တော်တို့ ဘက်ကတော့ ဓာတ်ပုံမှတ်တမ်းတွေနဲ့တကွ အစိုးရအဖွဲ့ကိုစာတင်မယ်။အစိုးရအဖွဲ့က ဘယ်လောက်ထိ တာဝန်ခံမှုတာဝန်ယူမှုရှိမလဲဆိုတာကျွန်တော်တို့စောင့်ကြည့်မယ်။” လို့ မော်လမြိုင်တက္ကသိုလ်ကျောင်း သားများ သမဂ္ဂဥက္ကဋ္ဌ ကိုမင်းသံစဉ်ဦးက O Media ကို ပြောပါတယ်။
အရင်ကလည်း တက္ကသိုလ်ဝင်းထဲက အမျိုးသမီးအဆောင်မှာ Quarantine ဝင်တဲ့သူက အရက်မူးပြီး မှန်တွေ ရိုက်ခွဲသွားတဲ့အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေနဲ့အရေးယူမှုတခုရှိခဲ့တယ်လို့ သိရပါတယ်။
"ကျွန်တော်တို့ကတော့ အခုစိစစ်နေတာတွေတော့ရှိပါတယ်။ သက်ဆိုင်ရာ ကာယကံရှင်တွေရဲ့ သဘော အတိုင်းပါပဲ အခုလိုဖျက်ဆီးတာတွေအတွက်ကတော့ သက်ဆိုင်ရာဌာနက တာဝန်ရှိသူတွေရဲ့ သဘောအတိုင်း ဆောင်ရွက်ရမှာပါ ကျွန်တော်က အဲ့ဒီအပေါ်မှာ ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်"လို့ မော်လမြိုင်မြို့နယ် အုပ်ချုပ်ရေးမှုး ဦးဝေလင်းထွန်းက O Media ကို ပြောပါတယ်။
မော်လမြိုင်တက္ကသိုလ်ထဲ Quarantien လာဝင်နေတဲ့သူတွေဟာ အယောက်(၇၀၀) ကျော်လောက်ထိရှိနေပြီလို့လည်း သိရပါတယ်။
Ref ; O Media

0 comments:

Post a Comment