
တရုတ်နိုင်ငံရှိ Foxconn
ပင်မ ကုမ္ပဏီ တစ်ခုဖြစ်သည့် ထိုင်ဝမ် အခြေစိုက် Hon Hai Precision သည်
အဆင့်မြှင့်ထားသည့် i Phone အပါအဝင် ဈေးနှုန်းသက်သာသည့် မော်ဒယ်အသစ်များကို ရောင်းချ ပေး သွားမည်ဖြစ်သည်။
Apple ကုမ္ပဏီသည် ၄င်း၏မူလ ဈေးကွက်ကို ပြန်လည် ရယူသည့်အနေ ဖြင့် စက်တင်ဘာလ
၁ဝ ရက်တွင် စမတ်ဖုန်း အသစ်များကို မိတ်ဆက်ပေး သွားမည် ဖြစ်သည်။
စီးပွားပြိုင် ဖြစ်သည့် ဆမ်ဆောင်း ဘက်က စမတ်နာရီ အပါအဝင် စမတ် ဖုန်းနှင့်
အခြား ပစ္စည်းများ ဖြန့်ချိရန် လုပ်ဆောင်မှုများကြောင့် Apple ဘက် မှလည်း
အပြိုင် ထုတ် လုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
Apple ဟန်းဆက်သည်
ဈေးနှုန်း ချိုချိုသာသာနှင့် ဝယ်သူကို စွဲဆောင်နိုင် မည်လော အထူးသဖြင့်
ဈေးကွက် ကို ထိုးဖောက်နိုင် မည်လောဟု ထင်ကြေး ပေးမှုများ ထွက်ပေါ်လျက်
ရှိသည်။
သိင်္ဂီဝင်း
No comments:
Post a Comment