Thursday, August 29, 2013

အရိုးကောက်နေသောလူနာများကို အခမဲ့ခွဲစိတ်ပေးမည်

အသက် တစ်နှစ်မှ ၂၂နှစ်ရှိ အရိုးကောက် နေသောလူနာများကို ရန်ကုန် ကြည့်မြင်တိုင်အရိုးရောဂါအထူး ကုဆေးရုံကြီးနှင့် ရန်ကင်းကလေး ဆေးရုံကြီးတို့တွင် မြန်မာနိုင်ငံမှ အရိုးရောဂါအထူးကုဆရာဝန်ကြီး များနှင့် ပြင်သစ်နိုင်ငံမှ AMFA အဖွဲ့ဝင်များပူးပေါင်း၍ အခမဲ့ခွဲ စိတ်ကုသပေးရန်စီစဉ်နေပြီဖြစ် ကြောင်း သိရသည်။


ပြင်သစ်နိုင်ငံ AMFA အဖွဲ့ မှအဖွဲ့ဝင် Professor J Sale Gauzy နှင့် မေ့ဆေးအထူးကုဆရာ ဝန်ကြီး Dr.Jean Francois Trinchero တို့မှ ခါးရိုးကောက်သည့် လူနာများနှင့် ခြေ၊ လက်ကောက် ကွေးနေသည့်လူနာများအား ခွဲ စိတ်ကုသပေးမည်ဖြစ်ကြောင်း သိရသည်။

''အခုပြင်သစ်နိုင်ငံက ခါး ရိုးကောက်ခွဲစိတ်ကုသမှုအဖွဲ့နဲ့ မြန်မာနိုင်ငံက ခါးရိုးခွဲစိတ်ကုဆရာ ဝန်တွေပူးပေါင်းခွဲစိတ်ကုသခဲ့တာ က ၂၀၀၅ ခုနှစ်မှစပြီး လုပ်ခဲ့တာ။ အခုဆိုလူနာပေါင်း ၁၈၀ ကို ခွဲ စိတ်ကုသပေးခဲ့ပြီးပါပြီ။ ဒီလိုခွဲ စိတ်မှုမျိုး တစ်နှစ်ကို နှစ်ခါလုပ် ဖြစ်တယ်။ ကလေးတွေကျောင်း ပိတ်ရက်နဲ့တိုက်ပြီးတော့ လုပ်ထား တာပါ''ဟု အရိုးအထူးကုဆရာ ဝန်ကြီး ပါမောက္ခ ဒေါက်တာဇော် ဝေစိုးက ပြောသည်။

ပြင်သစ်နိုင်ငံမှ ခါးရိုးကောက် ခွဲစိတ်ကုအဖွဲ့များသည် တစ်နှစ် လျှင်နှစ်ကြိမ် အောက်တိုဘာနှင့် မတ်လများတွင် လာရောက်ခွဲစိတ် ကုသပေးလေ့ရှိပြီး ကလေးငယ် များ ကျောင်းပိတ်ရက်နှင့်တိုက် ဆိုင်၍စီစဉ်ထားကြောင်း၊ ခါးရိုး ကောက်၊ ခြေ၊ လက်ကောက်ကွေး သောကလေးငယ်များသည် ကြည့် မြင်တိုင်အရိုးရောဂါအထူးကုဆေး ရုံကြီးရှိ ကျောရိုးခွဲစိတ်ကုပြင်ပ လူနာဌာနသို့လာရောက်၍ စာရင်း ပေးသွင်းနိုင်ကြောင်းသိရသည်။

''ခါးရိုးကောက်ခွဲစိတ်ကုသ မှုက ခါးရိုးခွဲစိတ်ကုပညာမှာ အ ဆင့်အမြင့်ဆုံးခွဲစိတ်မှုတစ်ခုဖြစ် ပြီး ခွဲစိတ်ကုသချိန်ကလဲ သုံးနာ ရီကနေ ခုနှစ်နာရီအထိကြာလေ့ ရှိတယ်။ နိုင်ငံတကာမှာ သွား ရောက်ခွဲစိတ်မယ်ဆိုရင် သိန်း ၂၀၀၊ ၃၀၀ လောက်ကုန်ကျမှာ။ အခု ဒီမှာပူးပေါင်းခွဲစိတ်မှုမှာက အ ခမဲ့ ခွဲစိတ်ကုသပေးမှာပါ''ဟု ဆက် လက်ပြောသည်။

ဆေးဝါးကုသရန် မတတ် နိုင်သည့်လူနာများအား ဆေးဝါး များသာမက စားစရိတ် နေစရိတ် များနှင့် အပြန်ခရီးစရိတ်များပါ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ ယခုအခါတွင် မြန်မာကျောရိုးခွဲ စိတ်ကုဆရာဝန်များပင် ကျွမ်းကျင် စွာ ခွဲစိတ်နိုင်နေပြီဖြစ်ကြောင်း သိရသည်။
ပထမဦးဆုံး စာရင်းပေးသွင်း ထားသောလူနာများအား အောက် တိုဘာ ၁ ရက်တွင် မြန်မာအရိုး ဆရာဝန်များမှစစ်ဆေးကြည့်ရှု ကြိုတင်စီစဉ်မည်ဖြစ်ပြီး အောက် တိုဘာ ၁၀ ရက် နံနက် ၁၀ နာရီ တွင် ကြည့်မြင်တိုင် အရိုးရောဂါ အထူးကုဆေးရုံကြီး၌ ပြင်သစ် နှင့်မြန်မာအဖွဲ့ပူးပေါင်း၍ ခွဲစိတ် ကုသသင့်သည့်လူနာများကို ရွေး ချယ်မည်ဖြစ်ကြောင်း သိရသည်။

စာရင်းပေးသွင်းလိုသူများ တနလာင်္နှင့်ကြာသပတေးနေ့များ တွင် ကြည့်မြင်တိုင်အရိုးရောဂါ ကုဆေးရုံကြီးရှိ ကျောရိုးခွဲစိတ်ကု ပြင်ပလူနာဌာနသို့လာရောက် စာရင်းပေးသွင်းနိုင်ကြောင်း၊ ဖုန်း ဝ၉-၇၃၀၅၆၇၀၀၊ ဝ၉-၃၁၅၈၈-၂၃၈ တို့သို့ဆက်သွယ်မေးမြန်း နိုင်ကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment