Saturday, August 24, 2013

မြန်မာနိုင်ငံအလယ်ပိုင်းဒေသရဲ့အခြေအနေ

Weather News Update 25-8-2013 9:00 am

လက်ရှိအချိန်ဟာ ရာသီအလှည့်အပြောင်းဖြစ်တာ့မယ့်ကာလဖြစ်ပါတယ်။ အကြောင်းကတော့ မကြာမီ မိုးလယ်ကာလ ကုန်ဆုံးပြီး မိုးနှောင်းကာလကို ၀င်ရောက်တော့မှာဖြစ်ပါတယ်။ မိုးနှောင်းကာလကို အစဉ်အလာအားဖြင့် စက်တင်ဘာလ(၁)ရက်နေ့ကစပြီး အနောက်တောင် မုတ်သုံလေ မြန်မာနိုင်ငံ မှ ပြန်လည်ဆုတ်ခွာတဲ့နေ့အထိ သတ်မှတ်ပါတယ်။ ဒီတော့ မိုးနှောင်းဟာ မိုးနှောင်းရဲ့ အခင်းအကျင်းနဲ့ဘဲ လာတော့မှာဖြစ်ပါတယ်။
အဓိကကတော့ မုတ်သုံလေ ပြန်လည် ဆုတ်ခွာဖို့ စတင်ပြင်ဆင်တော့မှာဖြစ်ပါတယ်။

၂၀၁၃ ခု တစ်နှစ်လုံး မိုးခေါင်မှုကို ကြုံတွေ့နေခဲ့ရတဲ့ မြန်မာနိုင်င့အလယ်ပိုင်းရဲ့ အခြေအနေကို ကောင်းကင်ဂြိုဟ်တုတိုင်းတာချက်များကို အသုံးပြုပြီး လက်ရှိအခြေအနေတွေ ကိုလေ့လာ ကြည့်လိုက်တော့...

(၁) အိန္ဒိယ KALPANA ဂြိုဟ်တုမှ တိုင်းတာချက်များအရ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လအကုန်အထိ မိုးရေချိန် ၁၀၀ မမ (၄လက်မ) အောက်လျော့ရွာခဲ့သောဒေသ များ (၂၀၁၃ ခုနှစ်အတွင်း မိုးရွာသွန်းမှု အနည်းဆုံးဒေသများ)မှာ စစ်ကိုင်း တိုင်းတောင်ပိုင်းစွန်းအလယ်ပိုင်း၊ မန္တလေးတိုင်း အနောက်အလယ်ပိုင်း နဲ့ မကွေးတိုင်း အရှေ့အလယ်ပိုင်းအစွန်း တို့ဖြစ်ကြပါတယ်။

(၂) ၂၀၁၃ ခုနှစ်၊ သြဂုတ်လ(၂၄)ရက် အိန္ဒိယစံတော်ချိန် နံနက်(၁၁)နာရီအချိန်တွင် INSAT 3A ဂြိုဟ်တုမှ တိုင်းတာပေးတဲ့ NDVI တန်ဘိုးများ အရ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် စိုက်ပျိုးပင်ဖြစ်ထွန်းမှုအခြေအနေ များ ကောင်းမွန်မှု မရှိကြောင်း ကို တွေ့ကြရပါတယ်။ ယခုနှစ် မြန်မာနိုင်ငံအလယ်ပိုငးဒေသမှာ မိုေးခါင်ခြင်း၊ မိုးနောက်ကျခြင်း၊ မိုးမမှန်ခြင်းများ ဆိုးဝါးစွာ ကြုံတွေ့ခဲ့ကြ ရပါတယ်။ (မှတ်ချက်။ အဖြူရောင်ပြထားသောဒေသများမှာ တိုင်းထွာချက်ယူချိန်တွင် တိမ်များ ဖုံးအုပ်နေတဲ့အတွက်ကြောင့် မှတ်တမ်း မရနှိုင်သောဒေသများဖြစ်ပါတယ်။)

အရေးကြီးတဲ့အချက်ကိုတော့ တင်ပြလိုပါတယ်။ ဒီအချက်အလက်တွေ ဟာ ကောင်းကင်ဂြိုဟ်တုက နည်းပညာအကူအညီနဲ့တိုင်းတာရရှိခဲ့တဲ့ အချက်တွေဖြစ်ပါတယ်။ နာမည်ကိုက တာဝေးအာရုံခံစံနစ် (Remote Sensing) နဲ့ တိုင်းတာထားတာဖြစ်ပါတယ်။ ဒီတော့ မြေပြင်အခြေအနေတွေနဲ့ သက်ဆိုင်တဲ့သူတွေက တိုက်ဆိုင်ကြည့်စေချင်ပါတယ်။

နောက်တစ်ချက်ကတော့ ဒီမှာဖေါ်ပြထားတဲ့ဒေသတွေကို မြို့နယ် ခရိုင်တွေနဲ့ ဖေါ်ပြပေးလို့ရပါတယ်။ ဒါပေမယ့် ပြန်လည် တိုင်းတာဖို့လိုပါတယ်။ ကျွန်တော့အနေနဲ့တော့ လောလောဆယ် အချိန်မမျှနှိုင်သေး လို့ မဖေါ်ပြပေးနိုင်သေး တာကို နားလည်ခွင့်လွှတ်စေလိုပါတယ်။

တစ်စုံတစ်ယောက်သော လူငယ်တစ်ဦးဦးက လူထုအတွက် ကူညီပြီး ဒေသတွေကို အမည်နာမဖေါ် ထုတ်ကူညီပေးမယ်ဆိုရင်တော့ ကျေးဇူးတင်ရမှာဖြစ်ပါတယ်။

ဒေါက်တာထွန်းလွင်

Popular Myanmar News Journal

No comments:

Post a Comment