Saturday, August 24, 2013

သစ်တောနယ်မြေအတွင်း ခွင့်ပြုချက်မဲ့ နေထိုင်လျက်ရှိသည့် အိမ်ခြေ ၅၀ အောက် ကျေးရွာငယ် လေးထောင်ကျော်အား သစ်တောနယ်မြေအဖြစ်မှ ထပ်မံပယ်ဖျက်ပေးမည်

Photo: သစ်တောနယ်မြေအတွင်း ခွင့်ပြုချက်မဲ့ နေထိုင်လျက်ရှိသည့် အိမ်ခြေ ၅၀ အောက် ကျေးရွာငယ် လေးထောင်ကျော်အား သစ်တောနယ်မြေအဖြစ်မှ ထပ်မံပယ်ဖျက်ပေးမည်
Sunday, 25 August 2013

သစ်တောနယ်မြေအတွင်း ခွင့်ပြုချက်မဲ့ နေထိုင်လျက်ရှိသည့် အိမ်ခြေ ၅၀ အောက် ကျေးရွာငယ် လေးထောင်ကျော်ကို သစ်တောနယ်မြေ အဖြစ်မှ ထပ်မံပယ်ဖျက် ပေးသွားမည် ဖြစ်သည်ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ စုံစမ်းသိရသည်။

ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများအတွင်း ခွင့်ပြုချက်မရှိဘဲ နှစ်ကာလ
အတန်ကြာ နေထိုင်လျက်ရှိသည့် အိမ်ခြေ ၅၀ အောက် ပြန့်ကျဲနေသော အိမ်စု၊ ရွာစုငယ် ၄၁၉၄ ရွာအား စနစ်တကျ စုစည်းနေရာ ချထားပေးပြီး သစ်တောနယ်မြေ အဖြစ်မှ ပယ်ဖျက်ရန် အဆင့်ဆင့် စိစစ်ဆောင်ရွက် သွားမည်ဟု သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးညွန့်ဝေက
 ပြောကြားခဲ့သည်။

ထို့ပြင် ပြည်ထဲရေး ၀န်ကြီးဌာန အမည်မပေါက်သော အိမ်ခြေ ၅၀ နှင့်
အထက် ကျေးရွာ ၃၉၁ ရွာကိုလည်း စိစစ်ပြီး ဒုတိယအဆင့် အနေဖြင့် လုပ်ထုံးလုပ်နည်း များနှင့်အညီ သစ်တောမြေအဖြစ်မှ ပယ်ဖျက်၍ ယာမြေများကို သစ်တောမြေ အတွင်း၌ပင် စည်းကမ်းနှင့်အညီ တရားဝင် လုပ်ကိုင်ခွင့် ပေးသွားမည်ဟု သိရသည်။

လက်ရှိအချိန်တွင် သစ်တောကြိုးဝိုင်းနှင့် သစ်တောကြိုးပြင် ကာကွယ်တော
များအတွင်း ခွင့်ပြုချက်မရှိဘဲ နှစ်ကာလအတန်ကြာ အခြေချ နေထိုင်
လျက်ရှိသည့် ပြည်ထဲရေးဝန်ကြီးဌာန အမည်ပေါက်စာရင်းဝင် ကျေးရွာ ၁၂၁၃ ကျော်အား ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် သစ်တောမြေ အဖြစ်မှ ပယ်ဖျက်ပေးလျက် ရှိသည်ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ သိရသည်။ ထိုသို့ ဆောင်ရွက်ရာတွင်
 ကျေးရွာမြေဧရိယာ ၂၄၄၄၇ ဒသမ ၄၄ ဧက လယ်မြေဧရိယာ ၂၉၅၃၁၉ ဒသမ ၇၇ ဧက၊ စာသင်ကျောင်း၊ ကျေးလက်ကျန်းမာရေး ဆေးပေးခန်း၊ သာသနာ့နယ်မြေများပေါင်း ၂၆၁၂၁ ဒသမ ၉၂ ဧက ပါဝင်ရာ စုစုပေါင်းဧရိယာ ၃၄၅၈၈၉ ဒသမ ၁၃ ဧကအား သစ်တောကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တော အဖြစ်မှ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပယ်ဖျက်ပြီး ဒေသခံ ပြည်သူများအား တရားဝင်နေထိုင် လုပ်ကိုင်
ခွင့်ပြုခြင်းဖြစ်ကြောင်း သိရသည်။    

ဒေသခံ ပြည်သူများ လုပ်ကိုင်လျက်ရှိသည့် ယာမြေများကို သီးနှံ
သစ်တောရောနှော စိုက်ပျိုးနည်းစနစ်ဖြင့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောများ တည်ထောင်ပြီး ဆက်လက်လုပ်ကိုင်ခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။ သို့ရာတွင် သစ်တောနယ်မြေများအတွင်း တရားမ၀င် ထပ်မံကျူးကျော် နေထိုင်သူများကိုမူ အရေးယူသွားမည်ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

သစ်တောမြေအတွင်း ကျူးကျော်သည့် မြေများကို ရွာအဖြစ် သတ်မှတ်ပေးရန် ကျေးရွာပေါင်း ၁၃၀၀ လောက်ကို ဆောင်ရွက်ပေးပြီး
 ဖြစ်ကြောင်းနှင့် ဆက်လက်လုပ်ဆောင် ပေးသွားမည်ဟု သမ္မတရုံး
ဝန်ကြီးဌာန ဦးစိုးသိန်းက သြဂုတ် ၁၇ ရက်က ရန်ကုန်မြို့၌ ပြောကြား
ထားသည်။ 

eleven media group

သစ်တောနယ်မြေအတွင်း ခွင့်ပြုချက်မဲ့ နေထိုင်လျက်ရှိသည့် အိမ်ခြေ ၅၀ အောက် ကျေးရွာငယ် လေးထောင်ကျော်ကို သစ်တောနယ်မြေ အဖြစ်မှ ထပ်မံပယ်ဖျက် ပေးသွားမည် ဖြစ်သည်ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ စုံစမ်းသိရသည်။

ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများအတွင်း ခွင့်ပြုချက်မရှိဘဲ နှစ်ကာလအတန်ကြာ နေထိုင်လျက်ရှိသည့် အိမ်ခြေ ၅၀ အောက် ပြန့်ကျဲနေသော အိမ်စု၊ ရွာစုငယ် ၄၁၉၄ ရွာအား စနစ်တကျ စုစည်းနေရာ ချထားပေးပြီး သစ်တောနယ်မြေ အဖြစ်မှ ပယ်ဖျက်ရန် အဆင့်ဆင့် စိစစ်ဆောင်ရွက် သွားမည်ဟု သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးညွန့်ဝေကပြောကြားခဲ့သည်။

ထို့ပြင် ပြည်ထဲရေး ၀န်ကြီးဌာန အမည်မပေါက်သော အိမ်ခြေ ၅၀ နှင့်အထက် ကျေးရွာ ၃၉၁ ရွာကိုလည်း စိစစ်ပြီး ဒုတိယအဆင့် အနေဖြင့် လုပ်ထုံးလုပ်နည်း များနှင့်အညီ သစ်တောမြေအဖြစ်မှ ပယ်ဖျက်၍ ယာမြေများကို သစ်တောမြေ အတွင်း၌ပင် စည်းကမ်းနှင့်အညီ တရားဝင် လုပ်ကိုင်ခွင့် ပေးသွားမည်ဟု သိရသည်။

လက်ရှိအချိန်တွင် သစ်တောကြိုးဝိုင်းနှင့် သစ်တောကြိုးပြင် ကာကွယ်တောများအတွင်း ခွင့်ပြုချက်မရှိဘဲ နှစ်ကာလအတန်ကြာ အခြေချ နေထိုင်လျက်ရှိသည့် ပြည်ထဲရေးဝန်ကြီးဌာန အမည်ပေါက်စာရင်းဝင် ကျေးရွာ ၁၂၁၃ ကျော်အား ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် သစ်တောမြေ အဖြစ်မှ ပယ်ဖျက်ပေးလျက် ရှိသည်ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ သိရသည်။ ထိုသို့ ဆောင်ရွက်ရာတွင်ကျေးရွာမြေဧရိယာ ၂၄၄၄၇ ဒသမ ၄၄ ဧက လယ်မြေဧရိယာ ၂၉၅၃၁၉ ဒသမ ၇၇ ဧက၊ စာသင်ကျောင်း၊ ကျေးလက်ကျန်းမာရေး ဆေးပေးခန်း၊ သာသနာ့နယ်မြေများပေါင်း ၂၆၁၂၁ ဒသမ ၉၂ ဧက ပါဝင်ရာ စုစုပေါင်းဧရိယာ ၃၄၅၈၈၉ ဒသမ ၁၃ ဧကအား သစ်တောကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တော အဖြစ်မှ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပယ်ဖျက်ပြီး ဒေသခံ ပြည်သူများအား တရားဝင်နေထိုင် လုပ်ကိုင်ခွင့်ပြုခြင်းဖြစ်ကြောင်း သိရသည်။

ဒေသခံ ပြည်သူများ လုပ်ကိုင်လျက်ရှိသည့် ယာမြေများကို သီးနှံသစ်တောရောနှော စိုက်ပျိုးနည်းစနစ်ဖြင့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောများ တည်ထောင်ပြီး ဆက်လက်လုပ်ကိုင်ခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။ သို့ရာတွင် သစ်တောနယ်မြေများအတွင်း တရားမ၀င် ထပ်မံကျူးကျော် နေထိုင်သူများကိုမူ အရေးယူသွားမည်ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

သစ်တောမြေအတွင်း ကျူးကျော်သည့် မြေများကို ရွာအဖြစ် သတ်မှတ်ပေးရန် ကျေးရွာပေါင်း ၁၃၀၀ လောက်ကို ဆောင်ရွက်ပေးပြီးဖြစ်ကြောင်းနှင့် ဆက်လက်လုပ်ဆောင် ပေးသွားမည်ဟု သမ္မတရုံးဝန်ကြီး ဌာန ဦးစိုးသိန်းက သြဂုတ် ၁၇ ရက်က ရန်ကုန်မြို့၌ ပြောကြားထားသည်။

eleven media group


0 comments:

Post a Comment