
ဆီးဂိမ်းပြိုင် ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံ ဟော်ကီလက်ရွေးစင်အ သင်းများသည် လက်ရှိတွင်ထိုင်း နိုင်ငံ၌ လေ့ကျင့်လျက်ရှိကာ ဆီး ဂိမ်းအကြိုပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု သိရသည်။
လက်ရွေးစင်ဟော်ကီ အမျိုး သားအသင်းကို လေတပ်၊ ရေတပ် နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟော်ကီအ သင်းများမှ အရည်အချင်းရှိကစား သမားများနှင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး အမျိုးသမီးဟော်ကီအ သင်းအတွက်ကိုမူ အားကစားဝန် ကြီးလက်အောက်ရှိ အခြားအား ကစားနည်းများမှ ရွေးချယ်ထား ခြင်းဖြစ်သည်။
အထူးသဖြင့်ယင်း အမျိုးသမီးဟော်ကီအသင်းတွင် ယခင်မြန်မာ့လက်ရွေးစင်အမျိုး သမီးဘောလုံးအသင်းမှ ကစား သမားများပါဝင်လျက်ရှိသလို ပြေး ခုန်ပစ်မှ ကစားသမားများပါဝင် နေကြောင်းသိရသည်။
လက်ရှိတွင် ထိုင်းနိုင်ငံ၌ နှစ် လတာ လေ့ကျင့်ခန်းဝင်နေသော အမျိုးသား၊ အမျိုးသမီးဟော်ကီ ကစားသမားများသည် ဘန်ကောက် တွင်ကျင်းပမည့် ဆီးဂိမ်းအကြို ဟော်ကီပြိုင်ပွဲများကို ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
ဆီးဂိမ်းအကြိုဟော်ကီပြိုင် ပွဲဝင်သွားမည့် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲများနှင့် ပတ်သက်၍ ဟော်ကီအသင်းမှ တာဝန်ရှိသူတစ်ဦးက ''ပြည်ပမှာ ပူးတွဲလေ့ကျင့်ထားတဲ့ လက်ရည်ကိုသိလိုတဲ့ အတွက်ကြောင့် ဝင်ပြိုင်ဖြစ်ခဲ့တာပါ။ အောက်တိုဘာ ၁၃ရက်ကနေ ၁၈ ရက်အထိ ဆီးဂိမ်းအကြိုအမျိုးသား ပြိုင်ပွဲကိုပြုလုပ်သွားမှာပါ။ ထိုင်း၊ ပါကစ္စတန်၊ ဘင်္ဂလား ဒေ့ရှ်၊ဟောင်ကောင်နိုင်ငံတွေမှ နိုင်ငံအသင်း၊ ကလပ်အသင်းတွေကို ဖိတ်ခေါ်ပြီး ကျင်းပသွားမှာ ဖြစ်ပါတယ်''ဟု ပြောခဲ့သည်။
အမျိုးသား ဟော်ကီအသင်း အနေဖြင့် အိမ်ရှင်ထိုင်းနိုင်ငံ၊ သီရိလင်္ကာ၊ ကာဇက်စတန်နိုင်ငံအသင်း များနှင့်ယှဉ်ပြိုင်ရမည်ဖြစ်သလို အမျိုးသမီးအသင်းမှာ အိမ်ရှင် ထိုင်းနိုင်ငံအပါအဝင် စင်ကာပူ၊ သီရိလင်္ကာ၊ ပါကစ္စတန်၊ ကမ္ဘောဒီး ယားအသင်းများနှင့် ကစားရမည် ဖြစ်သည်။
Yangon Media Group
No comments:
Post a Comment