
မိုးဆက်တိုက် ရွာသွန်းမှုကြောင့် သံလွင်မြစ်ရေသည် ဘားအံမြို့၌ သြဂုတ်လ ၂၂
ရက်နေ့တွင် စိုးရိမ်ရေအမှတ် အထက် လေးပေခန့် ကျော်လွန်ရောက်ရှိနေပြီး
နှစ်ရက်အတွင်း ရေတစ်ပေ ခန့် ပြန်ကျနိုင်ကာ စိုးရိမ်ရေအမှတ်တွင်
ဆက်လက်တည်ရှိမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက
သြဂုတ်လ ၂၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
အလားတူ
ငဝန်မြစ်ရေသည်လည်း ငါးသိုင်းချောင်းမြို့တွင် စိုးရိမ်ရေမှတ်အထက်
တစ်ပေခွဲ ခန့် ကျော်လွန် ရောက်ရှိနေပြီး နောက်နှစ်ရက် အတွင်း ထပ်မံ၍
မြင့်တက်လာနိုင်ဖွယ် ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက
ကြေညာချက် ထုတ်ပြန်သတိပေးထားသည်။
ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်းမြို့နယ်ရှိ
သီတာကုန်းပြင်၊ ပန်းပုကွင်း၊ ဖက်ဖူးကြီး၊ ဖက်ဖူးလေးကျေးရွာတို့တွင်
မိုးဆက်တိုက်ရွာ သွန်းပြီး တောင်ကျရေများ ကျဆင်းခြင်းနှင့် ငဝန်မြစ်ရေ
မြင့်တက်မှုတို့ကြောင့် သြဂုတ်လ ၁၉ ရက်နေ့မှ စတင်ကာ လူနေအိမ်များ
ရေန စ်မြုပ်နေကြောင်း ငါးသိုင်းချောင်းမြို့နယ် လူငယ်ပရဟိတအဖွဲ့မှ
ဦးထွန်းလွင်ဦးက ပြောကြားသည်။
“မြို့ပေါ်မှာကတော့ ရေသိပ်မတက်ပါဘူး။ မြစ်နဲ့နီးတဲ့ နေရာတွေကတော့ ခါးလောက် ရေမြုပ်နေပြီ” ဟု ငါးသိုင်းချောင်းမြို့နယ်တွ င် နေထိုင်သူတစ်ဦးက ဆိုသည်။
ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေခြင်းကြောင့်
တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့်
ကရင်ပြည်နယ်တို့တွင် မိုးကြီးနိုင်သည့်အပြင် ရေကြီးမှု အခြေအနေမှာ
စိုးရိမ်ဖွယ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောကြားသည်။
မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ဆည်ရေလျှံခြင်း တို့ကြောင့် မြန်မာနိုင်ငံ
နေရာဒေသ အချို့တွင် ရေကြီးမှုများ ဖြစ်ပေါ်နေပြီး လူသေဆုံးမှုများ ရှိနေသည်။
ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် မိုးဆက်တိုက် သည်းထန်စွာ
ရွာသွန်းမှုကြောင့် သြဂုတ်လ ၁၉ ရက်နေ့မှ စတင်ကာ ရေငါးပေကျော်ကြီးခဲ့ပြီး
လူလေးဦးသေဆုံးကာ လူပေါင်း ၆၀၀ ကျော်ကို စခန်းများ ဖွင့်လှစ်ကာ
ဘေးလွှတ်ရာသို့ ပြောင်းရွှေ့ ခဲ့ရကြောင်း ဒေသခံများနှင့် ဒေသအာဏာပိုင်များ၏
ထုတ်ပြန်ချက်အရ သိရှိရသည်။
အလားတူ ရခိုင်ပြည်နယ်
မင်းပြားမြို့တွင်လည်း ပင်လယ်ရေ မြင့်တက်မှုနှင့် တောင်ကျရေ များကြောင့်
ကျေးရွာပေါင်း ၅၀ ခန့်ရှိ လယ်ယာမြေများ နစ်မြုပ်မှု ဖြစ်ပေါ်နေပြီး
ရက်ကြာရေနစ်မြုပ်ပါက စိုက်ပျိုးထားမှုများ ပျက်စီးသွားနိုင်ကြောင်း
သိုင်းချောင်းကျေးရွာမှ ဦးအောင်တင်မြင့်က ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်ရှိ ကြံခင်းမြို့နယ်တွင် မိုးအဆက်မပြတ်
ရွာသွန်းမှုကြောင့် တောင် ကျရေ များ စီးဆင်း၍ ကျွန်းချောင်းရေလျှံ ကာ
ကျေးရွာများမှ အိမ်ခြေ ၃၀၀ ကျော် အရေးပေါ် ပြောင်းရွှေ့ခဲ့ ရကာ
သစ်သားတံတားသုံးစင်း ပျက်စီးခဲ့ကြောင်း ဒေသခံ ဦးမြင့်အေးက ဆိုသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင်လည်း သြဂုတ်လ ဒုတိယအပတ်မှစတင်ကာ
မြစ်သာမြစ်နှင့် နေရဉ္စ ရာမြစ် ရေလျှံကာ မြို့အနိမ့်ပိုင်း ရေကြီးမှုများ
ဖြစ်ပေါ်နေပြီး မြို့စွန်ရပ်ကွက်များနှင့် ကလေးဝ-တမူးလမ်း အင်ဒိုင်ကြီး
လမ်းခွဲတို့တွင် သြဂုတ်လ ၂၀ ရက်နေ့မှ စတင်ကာ ရေများဝင်ကာ နေအိမ်အချို့
ပြောင်းထား ရကြောင်း၊ ကလေးမြို့နယ်အတွင်းရှိ ကြာအင်း၊ ဇင်းကလင်း၊ ပေါက်ခုံ၊
ရေလဲဦး၊နတ်နန်း၊ တောင်ဦး၊ ပြင်သာ၊ ကျီကုန်းနှင့် နန်းစောင်းပုကျေးရွာ
တို့တွင် ရေကြီးနေကြောင်း ဒေသခံများထံ မေးမြန်းချက်များအရ သိရှိရသည်။
ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း မိုးဆက်တိုက် ရွာသွန်းကာ ရေကြီး မှု များ ဖြစ်ပေါ် ခဲ့သည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်လပိုင်းကလည်း စစ်ကိုင်း၊ ပဲခူး၊ တနင်္သာရီ၊ ဧရာဝတီတိုင်းဒေသကြီးတို့နှင့်
ကရင်၊ ရခိုင်၊ မွန်ပြည်နယ်တို့ရှိ မြို့နယ်များတွင် ရေကြီးမှုများ
ဖြစ်ပေါ်ခဲ့ပြီး လယ်ယာမြေများ၊ နေအိမ် အဆောက်အအုံများ ရေနစ်မြုပ်ခဲ့ကာ
လူသေဆုံးမှုများလည်း ရှိခဲ့သည်။






0 comments:
Post a Comment