Friday, August 23, 2013

မြန်မာ-ဂျပန်လက်ဝှေ့ပွဲ စက်တင်ဘာတွင်ထိုးသတ်ရန်စီစဉ်

မြန်မာ့ရိုးရာ လက်ဝှေ့ပရိသတ်များ အကြိုက် တွေ့မည့် လက်ဝှေ့ပွဲစဉ်များ စက် တင်ဘာ ၈ရက်နှင့် ၂၁ရက်တွင် သိမ်ဖြူအားကစားရုံ၌ ကျင်းပ မည်ဖြစ်ကြောင်း ပွဲစီစဉ်သူအသိုင်း အဝိုင်းမှသိရသည်။
မျိုးဆက်သစ်မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကို စက်တင် ဘာ ၈ရက်တွင် ပြုလုပ်မည်ဖြစ် ကာ စက်တင်ဘာ၂၁ရက်တွင် ဖိတ် ခေါ်ပြိုင်ပွဲများ၌ ထွန်းထွန်းမင်း နှင့် ဆာမူကာဝါ၊ ဉာဏ်လင်း အောင်နှင့် ဖူဂျီဟာရာတို့ ပွဲစဉ်အပြင် တွဲဆိုင်းရှစ်ဆိုင်းပါဝင်မည် ဖြစ်သည်။ တွဲဆိုင်းရှစ်ဆိုင်းတွင် ထိုးသတ်မည့် သူများကို စက်တင် ဘာ ၈ရက်ပွဲမှ လက်ဝှေ့သမား များ ပြန်လည်ပါလာနိုင်ကြောင်း ပွဲစီစဉ်သူထံမှ သိရသည်။

မျိုးဆက်သစ်မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကို စက်တင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ် ကာ ငါးချီ စိန်ခေါ်ပွဲ၌ လှစ်လှစ် လေး(အဖြူရောင်သွေးသစ်)နှင့် မြှားထက်အောင်(မြှားထက်ကျော်)၊  စော အယ်လေး(T & T )နှင့် သိန်း ညီညီ(အလင်းရောင်)၊ ရန်တိုင်း ကျော်(ဝါဆို)နှင့် ဖိုးလပြည့် (ရွှေဖူး)၊ လေးညှို့ရှင်(သတ္တိ)နှင့် ရဲရင့် (နဂါးမာန်)၊ လေးချီစိန်ခေါ်ပွဲ အဖြစ် ဂျီသရီး(ရွှေဖူး)နှင့် စောသဲ မင်း(မြောင်းမြ)၊ ချင်းလေး(ဝါ ဆို)နှင့် စောသဲဦး(T&T)၊ သုံးချီ အထူးစိန်ခေါ်ပွဲအဖြစ် ရှမ်းလေး (ဝါဆို)နှင့် မောင်ကောင်း (T&T)၊ ဝဏ္ဏ(အဖြူရောင်သွေးသစ်) နှင့် ဒေါင်းညိုလေး(Top One)တို့ ထိုးသတ်ကြ မည်ဖြစ်သည်။

အဆိုပါပွဲနှင့်ပတ်သက်၍ ပွဲစီစဉ်သူက ''လက်ရှိမှာ ဒီပွဲဖြစ် မြောက်နိုင်ဖို့အတွက် တိုင်းဒေသ ကြီးအစိုးရအဖွဲ့နဲ့ အားကစား ဝန်ကြီးဌာနကို ခွင့်ပြုမိန့်တောင်း ခံထားပါတယ်''ဟု ပြောသည်။

Yangon Media Group

0 comments:

Post a Comment