Friday, August 30, 2013

တောင်ကြီး၊ မော်လမြိုင်မြို့ များ၌ အားကစားနှင့် ကာယပညာ သိပ္ပံကျောင်းများ ဖွင့်လှစ်မည်

လာမည့် ၂၀၁၄-၁၅ ပညာသင်နှစ်တွင် တောင်ကြီးနှင့် မော်လမြိုင်မြို့များ၌ အားကစားနှင့် ကာယပညာ သိပ္ပံကျောင်းအသစ်များ ဖွင့်လှစ်မည်ဖြစ်ကြောင်း ရန်ကုန်အားကစား နှင့် ကာယပညာဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးက မဇ္ဈိမသို့ ပြောကြားခဲ့သည်။

အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများသည် ကိုယ်ကာယကြံ့ခိုင်ရေးနှင့် အားကစားပညာများ သင်ကြားပေးသည့်အပြင် ကျောင်းပညာရပ်များလည်း သင်ကြားပေးလျက်ရှိသည်။ လက်ရှိအချိန်တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင်သာ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများ ရှိသဖြင့်လာမည့်နှစ်၌ တောင်ကြီးနှင့် မော်လမြိုင်မြို့များတွင်ထပ်မံဖွင့်လှစ်ရန် စီစဉ်နေခြင်းဖြစ်သည်။

ရန်ကုန်အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးက “တောင်ကြီးနဲ့ မော်လမြိုင်မှာအား/ကာ သိပ္ပံ အသစ်နှစ်ခု ထပ်ဖွင့်ဖို့ နိုင်ငံတော် ဘတ်ဂျက်ကျပြီးပါပြီ။လာမယ့်နှစ် ကျောင်းဖွင့်ရာသီအမီလောက်ဖွင့်နိုင် ဖို့မှန်းထားပါတယ်” ဟု
ပြောကြားခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment