Thursday, August 22, 2013

အမေရိကန်မှာ အိမ်ခြံမြေဝဘ်ဆိုဒ် ကန်ဒေါ်လာ သန်း ၅၀ ပေါက်

 



 Zillow အမည်ရ အွန်လိုင်း အိမ်ခြံမြေ အရောင်းအဝယ် ဝဘ်ဆိုဒ်က နယူယောက် အခြေဆိုက် StreetEasy အမည်ရ အိမ်ခြံမြေ အရောင်းအဝယ် ဝဘ်ဆ်ုဒ်ကို အမေရိကန်ဒေါ်လာ သန်း ၅၀ နဲ့ ဝယ်ယူ ခဲ့ခြင်း ဖြစ်ပါတယ်။ Street Easy က နယူးယောက်မှာ ၂၀၀၆ ခုနှစ်မှ စတင်လို့ ဝန်ဆောင်မှု ပေးနေတဲ့ ဆိုဒ်ဖြစ်ပြီး အိမ်ခြံ၊မြေ ရောင်းဝယ်မှု၊ ငှားရမ်းမှု နဲ့ ဆက်စပ် လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းခဲ့ပါတယ်။ Zillow ကတော့ ၂၀၁၁ ခုနှစ်မှ စတင်တည်ထောင်တဲ့ ဝဘ်ဆိုဒ် ဖြစ်ပါတယ်။ ကုမ္မဏီကြီး ဖြစ်ပြီး အမေရိကန် ပြည်ထောင်စု တစ်ခုလုံးအတွက် ရည်ရွယ်ခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် ထင်သလောက် မအောင်မြင်သေးပါဘူး။ ဒါကြောင့် လက်ရှိ အောင်မြင်နေတဲ့ Street Easy ကိုဝယ်ယူပြီး အိမ်ခြံမြေ အရောင်းအဝယ် Real Estate Site Empire တစ်ခု တည်ထောင်လိုက်ခြင်း ဖြစ်ပါတယ်။

ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်ပြီး ဝန်ဆောင်ခနဲ့ စတော့ရှယ်ယာအပေါ် အခြေခံလို့ အကျိုးအမြတ်ရရှိရန် ကြိုးပမ်းခြင်း ဖြစ်ပါတယ်။ Street Easy နဲ့ Zilow လုပ်ငန်းစုရဲ့  တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁ ဘီလျံမက ရှိကြောင်း သိရပါတယ်။
.
Ref: mashable

Aung Kham (TSJ team)

0 comments:

Post a Comment