Friday, August 30, 2013

ကလေးအမေဖြစ်သွားတဲ့ ကိုရီးယားဘာဘီရုပ်လေး ဟန်ချေးယွန်း

ကိုရီးယားမှာ ဘာဘီရုပ်ကလေးလို့ လူသိများကျော်ကြားတဲ့ မင်းသမီးချောဟန်ချေးယွန်းဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူး နေ့ကသားယောက်ျားလေး တစ်ဦးမွေးဖွားခဲ့ပြီး ကလေးအမေတစ်ဦးဖြစ်လာခဲ့ပါတယ်။ သူမဟာ ဆိုးလ်မြို့ ကဆေးရုံတစ်ခုမှာ မွန်းလွဲ ၁ နာရီလောက်မှာ မွေးဖွားခဲ့တာဖြစ်ပြီး ဒီသတင်းကို သူမရဲ့အေဂျင်စီက ထုတ် ပြန်ခဲ့တာဖြစ်ပါတယ်။ သတင်းတွေအရ မိခင်ရောကလေးပါ ကျန်းမာစွာရှိနေတယ်လို့ ဖော်ပြခဲ့ကြပြီးသူမအ နေနဲ့လည်း ကလေးကိုအောင်မြင်စွာမွေးဖွားနိုင်ခဲ့လို့ ပျော်ရွှင်နေတယ်လို့ သိရပါတယ်။


အသက် ၃၂ နှစ်အရွယ်ရှိ ဟန်ဟာ လွန်ခဲ့တဲ့ခြောက်နှစ်က စီးပွားရေးလုပ်ငန်းရှင်တစ်ဦးနဲ့ လက်ထပ်ခဲ့တာ ဖြစ်ပြီး အခုအချိန်ကျမှ ပထမဦးဆုံးသားယောက်ျားလေး မွေးဖွားခဲ့တာပါ။ သူမဟာ မိဘတွေအခြေချရာ အမေရိကန်မှာ နေထိုင်နေတာဖြစ်ပြီး ဒီလအစောပိုင်းကမှကိုရီးယားကိုပြန်လာပြီး ကလေးမွေးခဲ့တာဖြစ်ပါတယ်။

ဟန်ဟာ ၂၀၀၀ ခုနှစ်က ရုပ်ရှင်လောကထဲကို ၀င်ရောက်ခဲ့တာဖြစ်ပြီးပြီးခဲ့တဲ့ မတ်လကထွက်ရှိ ခဲ့တဲ့ "AD Genius Lee Tae Baek" ဇာတ်လမ်းတွဲဟာ သူမရဲ့ကျော်ကြားတဲ့ဒရာမရုပ်ရှင်ကားတစ်ကားပါ။ ဒါ့အပြင်သူမဟာ "F4 " လို့ ကျော်ကြားတဲ့ "Boys Over Flowers" ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ တဲ့အပြင် ဇာတ်လမ်းတွဲပေါင်း ၁၀ ကျော်နဲ့ ရုပ်ရှင်ကားပေါင်း ၁၀ ကျော်မှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

Mizzima - News in Burmese

No comments:

Post a Comment