Thursday, August 29, 2013

တရုတ်ရေတပ်ဆေးကုသင်္ဘောမှ ဆရာဝန်များ ပတ်ဝန်းကျင်မြို့နယ်များရှိ ဆေးရုံများသို့ ကွင်းဆင်းကုသသွားမည်

မြန်မာ နိုင်ငံသို့ ပထမဆုံးအကြိမ် လာ ရောက်သည့် တရုတ်ရေတပ် ဆေး ကုသဘော င်္ Peace Art မှ တာဝန် ရှိသူများသည် ကျန်းမာရေး စစ် ဆေးမှုများနှင့် ခွဲစိတ်ကုသမှုများ ကို ပတ်ဝန်းကျင်မြို့နယ်များရှိ ပြည်သူ့ဆေးရုံများသို့ သွားရောက် ကာ ကွင်းဆင်းကုသမှုများ ပြု လုပ်ပေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံသံရုံး ထုတ်ပြန်ချက် အရ သိရသည်။
တရုတ်သံရုံးမှ တာဝန်ရှိသူ တစ်ဦးက ''တပ်မတော်သားဖွား နဲ့ ကလေးဆေးရုံ၊ သန်လျင် သောက်တော်တွင်းရပ်ကွက်၊ သန် လျင် ပြည်သူ့ဆေးရုံ၊ သန်လျင် လူငယ် စောင့်ရှောက်ရေး ဂေ ဟာ၊ ကျောက်တန်းပြည်သူ့ဆေး ရုံနဲ့ တပ်မတော် အရိုးအထူးကု ဆေးရုံတွေမှာ ဩဂုတ် ၃၀ ရက်၊ ၃၁ ရက်နဲ့ စက်တင်ဘာ ၁ ရက် အထိ ကျန်းမာရေးစောင့်ရှောက် မှုများကို ကွင်းဆင်းဆောင်ရွက် ဖို့ရှိပါတယ်''ဟု ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာသို့ ပြောသည်။

မြန်မာနိုင်ငံသို့ လာရောက် သည့် ငါးရက်တာ ချစ်ကြည်ရေး ခရီးစဉ်အတွင်း ဆေးကုသမှုများ ကို ဩဂုတ် ၂၉ ရက်မှ စက်တင် ဘာ ၂ ရက်အထိ တပ်မတော် မိ သားစုဝင်များနှင့် ဒေသခံအရပ် ဘက် မိဘပြည်သူများ၏ကျန်းမာ ရေး စောင့်ရှောက်မှုများကို ဆောင် ရွက်ပေးသွားမည်ဖြစ်သည်။

တရုတ်ရေတပ်မတော် အ ရှေ့ပိုင်းစစ်ဌာနချုပ်မှ ဒုဦးစီးအ ရာရှိ Commander Shen Hao ''ဒီချစ်ကြည်ရေးခရီးစဉ်က တရုတ်-မြန်မာ တပ်မတော်ချင်း ချစ်ကြည်ရေးမှ ဒေသတွင်းနဲ့ ကမ္ဘာ့ ဒေသများ တည်ငြိမ်အေးချမ်းမှု ဖြစ်စေဖို့နဲ့ နှစ်ဖက်တပ်မတော် အချင်းချင်း အထူးသဖြင့် ရေတပ် မတော်အချင်းချင်း ချစ်ကြည်ရေး ပိုမိုကောင်းမွန်လာဖို့ ရည်ရွယ်ပါ တယ်။ ခွဲစိတ်မှုတွေအတွက်လဲ အခမဲ့ကုသပေးဖို့ ရှိပါတယ်''ဟု ပြောသည်။

တရုတ်ရေတပ်ဆေးကု သင်္ဘော Peace Art တွင် အထူး ကြပ်မတ်ကုသခန်း ၂၀၊ ခွဲစိတ် ခန်း ရှစ်ခန်းပါဝင်ပြီး ခုတင် ၃၀၀ အဆင့် ဆေးသင်္ဘောဖြစ်ကြောင်း၊ အထူးကုဆရာဝန် ၄၈ ဦးနှင့် ကျန်း မာရေးဝန်ထမ်း ၁၀၂ ဦး လိုက်ပါ လာကာ တရုတ်ရိုးရာ တိုင်းရင်း ဆေးပညာရပ်များဖြင့် ကျန်းမာ ရေး စောင့်ရှောက်မှုများ ပေးသွား မည်ဖြစ်ပြီး တရုတ်-မြန်မာ တပ် မတော် ဆေးပါရဂူများမှလဲ ဆေး ပညာရပ်ဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်သွားရန်ရှိကြောင်း သိရ သည်။

ဏနခေန ဗမအ ဆေးသင်္ဘော သည် စက်တင်ဘာ ၃ရက်တွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ မည်ဖြစ်သည်။

Yangon Media Group

No comments:

Post a Comment