
ငါးရံ့နှင့်ဒန့်သလွန်ချဉ်ရည်ဟင်း အတွက် ငါးရံ့ကို အကြီးခွံများသန့် စင်၍
အနေတော်အတုံးတုံးပြီး ရေဆေးကာ ဆား၊ငံပြာရည်၊နနွင်းမှုန့် တို့ဖြင့်နယ်ထားပါ။
ဒန့်သလွန်သီးများကို ခြစ်ကာ အပေါ်ယံအမျှင်များကို ဓားနှင့်ခွါထုတ်၍ အနေတော်အပိုင်းလေးများပိုင်းပြီး ရေစင်အောင်ဆေးထားပါ။
ပြီးလျှင် ညက်အောင်ထောင်းထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ဂျင်း၊စပါးလင်
တို့ကို အိုးထဲသို့ ဆီသင့်ရုံထည့်ကာ နနွင်းမှုန့် အနည်းငယ်ဖြင့်
ဆီသတ်ပါ။ ကြက်သွန်များအနည်းငယ်ကျက်လာလျှင် ငရုတ်သီးအစိမ်းမှုန့် အနည်းငယ်
ကြိုက်နှစ်သက်လျှင် ထည့်လို့ရပါတယ်။ပြီးလျှင် ပါးပါးလှီးထားသော
ခရမ်းချဉ်သီးနှစ်လုံးလောက် ထည့် ပြီးမွှေပေးပါ။ထို့နောက် နယ်ထားသော
ငါးများကိုလည်း ထည့်ပြီး အသာမွှေပေးပါ။
ငါးအသားများကျစ်ပြီး
ခပ်တင်းတင်းလေးဖြစ်လာလျှင် အိုးထဲမှငါးအတုံးများကို ပန်းကန်တစ်ခုသို့
ဆယ်ထုတ်ထားပါ။ ဒန့်သလွန်သီးများနှင့်ရောချက်လိုက်လျှင် ငါးအသားများ
အကုန်ကြေကုန် မှာမို့ပါ။ပြီးလျှင် အိုးထဲသို့ ငါးပိစိမ်းစားအနည်းငယ်ကို
အရည်ဖျော်ပြီး ထည့်ပါ။ ငါးပိနံ့ ပြောက်ပြီး အရည်များဆူလာလျှင်
ဒန့်သလွန်သီးများနှင့် ဆားအနည်းငယ်ထည့်ပြီးမွှေပေးပါ။ ဒန့်သလွန်သီးများ
အနည်းငယ်နွမ်းလာပါက ရေစိမ်ထားသော မကျီးသီးမှည့် အရည်သောက်တစ်ပန်းကန်လုံးစာ
အသင့်အတင့်ကို ဟင်းအိုးရေပမာဏပေါ်မူတည်၍ ချိန်ဆထည့်ပြီးမွှေပေးပါ။
ရေအနည်းငယ်ထည့်ကာ ပွက်ပွက်ဆူလာသည် အထိတည်ထားပါ။ ပွက်ပွက်ဆူလာလျှင်
ဆယ်ထားသော ငါးရံ့များကို ထည့်ပြီး
တည်ထားပါ။ဒန့်သလွန်သီးများကောင်းကောင်းနူးလာပြီဆိုရင် အပေါ့၊အငံ၊အချဉ်
မြည်းကာ နံနံပင် နှင့်ငရုတ်သီး စိမ်းအုပ်ကာ
အနံ့အရသာနှင့်ပြည့်စုံကောင်းမွန်သော ငါးရံ့နှင့်ဒန့်သလွန်ချဉ်ရည်ဟင်းလေး
သုံးဆောင်လို့ ရပါပြီရှင်။
ဒေါ်ပု လက်ရာ
ဒေါ်ပု လက်ရာ






0 comments:
Post a Comment