Friday, August 30, 2013

ဆေးရုံ၊ ကျေးလက် ကျန်းမာရေးဌာနနှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရန် ကျပ် ၅၃ ဘီလီယံ သုံးစွဲမည်

Photo: ဆေးရုံ၊ ကျေးလက် ကျန်းမာရေးဌာနနှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရန် ကျပ် ၅၃ ဘီလီယံ သုံးစွဲမည်
Friday, August 30, 2013

မြန်မာ တစ်နိုင်ငံလုံးတွင် ပြည်သူ့ဆေးရုံ၊ ကျေးလက် ကျန်းမာရေးဌာန၊
 ကျေးလက် ကျန်းမာရေး ဌာနခွဲများနှင့် ဝန်ထမ်း အိမ်ရာများ တည်ဆောက်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနသည် လက်ရှိ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွင်း ကျပ် ၅၃ ဘီလီယံ သုံးစွဲသွားမည် ဖြစ်ကြောင်း
 မန္တလေးတိုင်းဒေသကြီး တိုင်းကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

ယင်းသုံးစွဲမှုများထဲမှ မန္တလေးတိုင်းဒေသကြီးအတွက် ကျပ်သန်း ၄၁၄၀ ပမာဏ သုံးစွဲသွားမည် ဖြစ်ပြီး တိုင်းဒေသကြီး အနေဖြင့် အဆောက်
အအုံပေါင်း ၃၇ ခုကို တင်ဒါ ခေါ်ယူလျက် ရှိကြောင်း ၎င်းက ထပ်မံ
 ပြောကြားသည်။ “အဲဒီ လုပ်ငန်းတွေအတွက် တင်ဒါ သြဂုတ်လ ၃၀ 
ရက်နေ့အထိ လက်ခံမယ်” ဟု ၎င်းက ဆိုသည်။

မန္တလေးတိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနအနေနှင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် တိုက်နယ် ဆေးရုံ ငါးခုနှင့် ကျေးလက် ကျန်းမာရေးဌာန၊ ကျေးလက် ကျန်းမာရေးဌာနခွဲများနှင့် ဝန်ထမ်း အိမ်ရာများကိုပါ အဆင့် မြှင့်တင်ခြင်းနှင့် အသစ် ဆောက်လုပ်ခြင်း
များကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါဌာနထံမှ ထပ်မံ သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွက် ကျန်းမာရေး ဝန်ကြီးဌာနက ၂၀၁၃ ခုနှစ်တွင် တာဝန် ခန့်အပ်ထား ပေးသော ကျန်းမာရေး ဝန်ထမ်း ၂၀၀ ဦး ရရှိထားပြီး အဆိုပါ ဝန်ထမ်းများကို စိစစ်၍ လိုအပ်သည့် နေရာများတွင် တာဝန် ပေးအပ်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာန လက်အောက်တွင် လက်ရှိ ၂၀၁၃ ခုနှစ် ဇူလိုင်လအထိ ခုတင် ၅၀၀ နှင့်အထက် ဆေးရုံ ခြောက်ရုံ၊ ခုတင် ၃၀၀ ဆေးရုံ တစ်ရုံ၊ ခုတင် ၅၀ ဆေးရုံ ကိုးရုံ၊ ၂၅ ခုတင် ဆေးရုံ ၁၄ ရုံ၊ ၁၆ ခုတင်ဆံ့ တိုက်နယ် ဆေးရုံ ၄၇ ရုံ၊ ကျေးလက် ကျန်းမာရေးဌာန ၁၁၁ ခု၊ ကျေးလက် ကျန်းမာရေး ဌာနခွဲ ၆၈၈ ခု ရှိကြောင်း တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနထံမှ ထပ်မံ သိရသည်။

ကျန်းမာရေး ဝန်ကြီးဌာန အနေနှင့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ဆေးရုံ ၁၂၁ ရုံ၊ ကျေးလက် ကျန်းမာရေး ဌာန ၈၀ ခု၊ ကျေးလက် ကျန်းမာရေး ဌာနခွဲ ၂၇၂ ခုနှင့် ဝန်ထမ်း အိမ်ရာပေါင်း ၃၆ ခု တို့ကို အကောင်အထည်ဖော်မည်
 ဖြစ်ကြောင်း အဆိုပါဌာန တာဝန်ရှိသူထံမှ သိရသည်။

The Voice Weekly

မြန်မာ တစ်နိုင်ငံလုံးတွင် ပြည်သူ့ဆေးရုံ၊ ကျေးလက် ကျန်းမာရေးဌာန၊ကျးလက် ကျန်းမာရေး ဌာနခွဲများနှင့် ဝန်ထမ်း အိမ်ရာများ တည်ဆောက်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနသည် လက်ရှိ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွင်း ကျပ် ၅၃ ဘီလီယံ သုံးစွဲသွားမည် ဖြစ်ကြောင်းမန္တလေးတိုင်းဒေသကြီး တိုင်းကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

ယင်းသုံးစွဲမှုများထဲမှ မန္တလေးတိုင်းဒေသကြီးအတွက် ကျပ်သန်း ၄၁၄၀ ပမာဏ သုံးစွဲသွားမည် ဖြစ်ပြီး တိုင်းဒေသကြီး အနေဖြင့် အဆောက်အအုံပေါင်း ၃၇ ခုကို တင်ဒါ ခေါ်ယူလျက် ရှိကြောင်း ၎င်းက ထပ်မံ
ပြောကြားသည်။ “အဲဒီ လုပ်ငန်းတွေအတွက် တင်ဒါ သြဂုတ်လ ၃၀ ရက်နေ့အထိ လက်ခံမယ်” ဟု ၎င်းက ဆိုသည်။

မန္တလေးတိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနအနေနှင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် တိုက်နယ် ဆေးရုံ ငါးခုနှင့် ကျေးလက် ကျန်းမာရေးဌာန၊ ကျေးလက် ကျန်းမာရေးဌာနခွဲများနှင့် ဝန်ထမ်း အိမ်ရာများကိုပါ အဆင့် မြှင့်တင်ခြင်းနှင့် အသစ် ဆောက်လုပ်ခြင်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါဌာနထံမှ ထပ်မံ သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွက် ကျန်းမာရေး ဝန်ကြီးဌာနက ၂၀၁၃ ခုနှစ်တွင် တာဝန် ခန့်အပ်ထား ပေးသော ကျန်းမာရေး ဝန်ထမ်း ၂၀၀ ဦး ရရှိထားပြီး အဆိုပါ ဝန်ထမ်းများကို စိစစ်၍ လိုအပ်သည့် နေရာများတွင် တာဝန် ပေးအပ်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာန လက်အောက်တွင် လက်ရှိ ၂၀၁၃ ခုနှစ် ဇူလိုင်လအထိ ခုတင် ၅၀၀ နှင့်အထက် ဆေးရုံ ခြောက်ရုံ၊ ခုတင် ၃၀၀ ဆေးရုံ တစ်ရုံ၊ ခုတင် ၅၀ ဆေးရုံ ကိုးရုံ၊ ၂၅ ခုတင် ဆေးရုံ ၁၄ ရုံ၊ ၁၆ ခုတင်ဆံ့ တိုက်နယ် ဆေးရုံ ၄၇ ရုံ၊ ကျေးလက် ကျန်းမာရေးဌာန ၁၁၁ ခု၊ ကျေးလက် ကျန်းမာရေး ဌာနခွဲ ၆၈၈ ခု ရှိကြောင်း တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနထံမှ ထပ်မံ သိရသည်။

ကျန်းမာရေး ဝန်ကြီးဌာန အနေနှင့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ဆေးရုံ ၁၂၁ ရုံ၊ ကျေးလက် ကျန်းမာရေး ဌာန ၈၀ ခု၊ ကျေးလက် ကျန်းမာရေး ဌာနခွဲ ၂၇၂ ခုနှင့် ဝန်ထမ်း အိမ်ရာပေါင်း ၃၆ ခု တို့ကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း အဆိုပါဌာန တာဝန်ရှိသူထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment