
ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံး ရေဘေး ဒုက္ခ ကို တရုတ်ပြည်အရှေ့ မြောက် ဘက်ပိုင်းက Fushun မြို့  တစ် ဝိုက် မှာ အကြီးအကျယ် ခံစားနေရပါတယ်။
အရှေ့ မြောက်ပိုင်း ဒေသ အတော်များများမှာ သြဂုတ်လ ၁၈ ရက်နေ့ကစလို့ မိုး အဆက်မပြတ် ရွာသွန်းမှု ဖြစ်ပေါ်ပြီး ရေလှောင်တမံများပါ ပျက်ဆီး စေခဲ့ပါတယ်။ ဒါကြောင့် Fushan မြို့ တစ်ဝိုက်အပြင်၊ အခြားသော မြို့ များမှာပါ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး ဒုက္ခသည် အရေအတွက် ပေါင်း သိန်းချီ ရှိလာစေခဲ့ပါတယ်။
Fushan မြို့ ဝန်းကျင်မှာတင် သေဆုံးသူ အရေအတွက် ၇၆ ဦးအထိ ရှိခဲ့ပြီး ၈၈ ဦးပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်နေ့ မနက် မှာပဲ ရေဘေးကြောင့် ကွယ်လွန်သွားခဲ့တဲ့ ကယ်ဆယ်ရေး ဝန်ထမ်းနဲ့ ပြည်သူ များကို ဝမ်းနည်းခြင်း အခမ်းအနားကို Fushan မှာ ကျင်းပခဲ့ ပါတယ်။ Fushan မြို့ ဝန်ကိုယ်တိုင် တက်ရောက်ပြီး ပျောက်ဆုံး နေသူများကို အမြန်ဆုံးရှာဖွေပြီး ကယ်ဆယ်ရေး လုပ်ငန်းများကိုး တိုးမြင့်သွားမယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။
.
Ref:xinhua
YoYarLay
No comments:
Post a Comment