Friday, August 30, 2013
Detroit လျှပ်စစ်ပြိုင်ကား ဈေးကွက် ရောက်တော့မည်
Detroit Electric လို့အမည်ရတဲ့ အမေရိကန် လျှပ်စစ်ကား သီးသန့်ထုတ်တဲ့ ကုမ္မဏီမှ ၎င်းတို့ရဲ့  ပထမဆုံး လျှပ်စစ်ပြိုင်ကားကို ဈေးကွက်သို့ ချပြဖို့ အဆင်သင့် ရှိနေပြီ ဖြစ်ကြောင်း သိရပါတယ်။
ဒါဆိုရင် အမေရိကန်မှာတင် လျှပ်စစ်ကား ထုတ်တဲ့ ကုမ္မဏီက ၃ ခုဖြစ်လာမှာပါ။ Fisker , Tesla တို့အပြင် Detroit Electric ကလည်း လျှပ်စစ်ကား ထုတ်တဲ့ ကုမ္မဏီတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ ရ တဲ့ကားကို ပထမဆုံး ထုတ်ဖော်ပြသမှာပါ။ အင်ဂျင်နေရာမှာ လျှပ်စစ်မော်တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ကီလိုဝပ်အားကို မြင်းကောင်ရေနဲ့တွက်ရင် အနည်းဆုံး ၄၀၀ အားလောက်ထုတ်လုပ်နိုင်မယ်လို့ ခန့်မှန်း ထား ကြောင်း ဆိုပါတယ်။ တစ်နာရီ မိုင် ၁၂၀ အထက်တော့ မောင်းနှင်နိုင်မှာပါ။
ယခု လျှပ်စစ်ကားရဲ့ ထူးခြားချက်က အချိန်အနည်းငယ်အတွင်း အားပြန်ဖြည့်နိုင်မယ့် နည်းပညာ ပါရှိပြီး စွမ်းဆောင်ရည်မြင့် ပြိုင်ကား တစ်စီးအဖြစ် ထုတ်လုပ်မှာလို့ ဆိုပါတယ်။ ကာလတန်ဖိုးအားဖြင့် အမေရိ ကန်ဒေါ်လာ ၁သိန်းခွဲ ဝန်းကျင်နဲ့ ရောင်းချနိုင်ချေ ရှိတဲ့ကား ဖြစ်ကြောင်း သိရပါတယ်။
Ref:autoblog
ColayAutomobile

No comments:
Post a Comment