Tuesday, September 24, 2013

၂၄ နှစ်စာ လစာမရသည့် ဗိုလ်တဲစောင့် စားဝတ်နေရေး အခက်ကြုံ

မြင်ကွန်းဒေသမှ ရှေးဗိုလ်စောင့်တဲနှင့်အတူ တွေ့ရသည့် ဗိုလ်တဲစောင့် ဦးတင်ဝင်း။ ဓာတ်ပုံ - မကွေးလှမြင့်


မ ကွေးတိုင်းဒေသကြီး မကွေးမြို့ နယ် မြင်ကွန်းကျေးရွာတောင်ရပ် ကွက်အတွင်း ငါးပင်ပတ်လည် နှစ်ထပ် ရှေးသစ်သားဗိုလ်တဲဟောင်းတစ် လုံးရှိပြီး ၁၉၈၉ခုနှစ်မှ ယနေ့ထိ ၂၄နှစ်စာ လစာမရဘဲ စားဝတ် နေရေး အခက်အခဲဖြင့် ရပ်တည် နေသော ဗိုလ်တဲစောင့်တစ်ဦးရှိ ကြောင်း သိရသည်။

မြင်ကွန်းကျေးရွာတောင် ရပ်ကွက် ဧရာဝတီမြစ်ကမ်းနဖူး ထိပ်၌ မြစ်ဘက်သို့ မျက်နှာမူဆောက် လုပ်ထားသော ဗိုလ်တဲကြီးမှာ ငါးပေပတ်လည် လှေကား နှစ်စင်းကို အရှေ့ဘက်တစ်စင်း နောက် ဖေးဘက်တစ်စင်း၊ အပေါ်ထပ် တွင် ဧည့်ခန်း၊ ရေချိုး ခန်းနှင့် အိပ် ခန်းနှစ်ခန်းပါရှိပြီး အောက်ထပ် ၌အုတ်တိုက်တစ်ခုရှိကာ ယခင် က ရုံးခန်းဟုသိရသည်။ နောက် ဖေးတွင် ဗိုလ်တဲစောင့်နေရန် လုံးချင်း အခန်း တစ်ခုနှင့် ထမင်း ချက်ရန် မီးဖိုတစ်ခုရှိပြီး ဗိုလ်တဲ ဝင်း၏အကျယ်မှာ တစ်ဧက ခွဲခန့် ရှိကြောင်း သိရသည်။ ယခုအခါ အဆိုပါဗိုလ်တဲသည် နှစ်များစွာ ဖြတ်သန်းခဲ့ရသဖြင့် အကာထရံ များပေါက်ပြဲပျက်စီးနေကြောင်းသိရသည်။

''ကျွန်တော့်အဖေက ဗိုလ် တဲစောင့်ပါ။ အဖေကွယ်လွန်တာ နှစ်၎ဝကျော်ပြီ။ အဖေသေပြီး တော့ ကျွန်တော့်ကို ဗိုလ်တဲစောင့် အဖြစ် ၁၉၈၃ခုနှစ်က ခန့်ပေးခဲ့ ပါတယ်။ ၁၉၈၃ခုနှစ်ကနေ ၁၉၈၉ ခုနှစ်အထိ လစာရသေးတယ်။ ၁၉၈၉ခု နှစ်နောက်ပိုင်း မှစပြီး ယ ခုထိ လစာမရတော့ဘူး။ ဝန်ထမ်း တွေလျှော့တဲ့အထဲ ပါသွားတယ်။ အဲဒီအချိန်က တိုင်းဆောက်လုပ် ရေးရုံးသွားပြောတော့ အမျိုးသမီး ဝန်ထောက်တစ်ဦးက မြင်ကွန်းမှာ ဗိုလ်တဲရှိမှန်း မသိဘူးတဲ့။ လျှောက် လွှာထပ်တင်ခဲ့ပါလို့ ပြောတဲ့ အတွက် ၁၉၈၉ခုနှစ်ကထပ်တင်ခဲ့ တာ ခုထိကျမလာသေးဘူး။ ကျွန် တော်တောင် ၅၈နှစ်ရှိပြီ။ ဒီတော့ ကျွန်တော်က ဒီဗိုလ်တဲကြီးပြန် အပ်ပါတယ်။ တစ်ခြားမှာ အလုပ် လုပ်စားချင်လို့ပါပြောတော့ သူတို့ က ဆက်နေပါလို့ပြောတယ်။ လစာ တော့ မရဘူး''ဟု ရှင်းပြသည်။

ယခုအခါ ဦးတင်ဝင်း ၅၈ နှစ်သည် မြင်ကွန်းဗိုလ်တဲ၌နေ ထိုင်လျက် ဗိုလ်တဲကြီးအားဆက် လက်ထိန်းသိမ်းစောင့်ရှောက်ကာ လက်လုပ်လက်စားဘဝဖြင့် ဘဝ ကို ခက်ခက်ခဲခဲဖြတ်သန်းနေရ ကြောင်း သိရသည်။ မကွေးမြို့နယ် မြင်ကွန်း ကျေးရွာကြီး မှာ တိုက်နယ်အုပ်စု ကြီးဖြစ်ပြီး ရှေးက လက်ထောက် မြို့ပိုင်ရုံးစိုက်သည့် ဒေသတစ်ခု ဖြစ်ခဲ့ကြောင်း လေ့လာသိရသည်။

Yangon Media Group

No comments:

Post a Comment