Wednesday, September 4, 2013

အလုပ်သမားအဖွဲ့အစည်းများ ဝန်ကြီးဌာန ထောက်ခံချက်မလိုဘဲ ဖွဲ့စည်းနိုင်

အစိုးရ ဝန်ကြီးဌာနများမှ အလုပ်သမား အဖွဲ့အစည်းများဖွဲ့စည်းရာတွင် ဝန်ကြီးဌာနများ၏ထောက်ခံချက် ယူစရာမလိုဘဲ မိမိသဘောဆန္ဒ များဖြင့် ဖွဲ့စည်းနိုင်ကြောင်း အ ပြည်ပြည်ဆိုင်ရာအလုပ်သမားအ ဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက် ၍ စက်တင်ဘာ ၃ရက်က ရန်ကင်း မြို့နယ်ရှိ အိုင်အယ်လ်အိုရုံးတွင် ကျင်းပသောအစိုးရအဖွဲ့အစည်း များနှင့် အိုင်အယ်လ်အို တွေ့ဆုံဆွေး နွေးပွဲတွင် ပြောခြင်းဖြစ်သည်။
မစ္စတာစတိဗ်မာရှယ်က ''အ လုပ်သမားဖွဲ့စည်းမှုဥပဒေအရ မိမိ သဘောဆန္ဒအရ အလုပ်သမား အသင်းဖွဲ့ချင်ရင် အထက်ကိုတင်ပြ စရာမလိုပါဘူး။ လွတ်လပ်စွာဖွဲ့ စည်းနိုင်ပါတယ်။ တစ်ဖက်က လုပ် ငန်းခွင်စည်းမျဉ်းစည်းကမ်းတွေ ကို လိုက်နာနိုင်မှာဖြစ်တယ်''ဟု ပြောသည်။

ယင်းက ဆက်လက်၍ အ လုပ်သမားအသင်းဖွဲ့ခြင်းသည် သက်ဆိုင်ရာအထက်လူကြီးအား ပြဿနာ ဖန်တီးခြင်းမျိုးမဟုတ် ဘဲ ဖြစ်ပေါ်လာသောပြဿနာများ အပေါ် နှစ်ဦးနှစ်ဖက်အပြန်အလှန် တိုင်ပင်ဆွေးနွေးရန်အတွက်ဖြစ် ကြောင်း ပြောသည်။

အလုပ်သမား၊ အလုပ်အ ကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန က အထူးအကြံပေးအရာရှိ ဦး သက်နိုင်ဦးက ''၈၈တုန်းက ပေါ် ပေါက်ခဲ့တဲ့ သမဂ္ဂတွေနဲ့ပတ်သက် ပြီး အစိုးရဌာနက ဝန်ထမ်းတွေအ နေနဲ့ အကြောက် တရားတွေရှိဖို့ မလိုပါဘူး။ အလုပ်သမားအဖွဲ့အ စည်းဖွဲ့ခြင်းအားဖြင့် ကြိုးနီစနစ် တွေကို တုံ့ပြန်နိုင် မှာဖြစ်တယ်။ အထက်လူကြီးက မိမိကို သဘော မကျလို့ နေရာရွှေ့ပြောင်းခိုင်းမှု တွေလုပ်တာတောင် အလုပ်သမား အဖွဲ့အစည်းရှိလို့ရှိရင် မိမိတို့ရဲ့ရ ပိုင်ခွင့်ကို တောင်းဆိုလို့ရနိုင်မှာ ဖြစ်တယ်''ဟု ပြောသည်။

ယင်းကဆက်လက်၍ မြန်မာ နိုင်ငံတွင် အစိုးရဝန်ကြီးဌာနမှဖွဲ့ စည်းထားသော အလုပ်သမားအ ဖွဲ့ ၁၃ဖွဲ့သာရှိသေးကြောင်း၊ ယင်းထဲတွင် ရန်ကုန်မြို့၌ တစ်ခု မျှဖွဲ့စည်းထားခြင်းမရှိသည်ကို တွေ့ရကြောင်း၊ အလုပ်သမားအ ဖွဲ့အစည်းပေါ်ပေါက်မှသာလျှင် မိမိတို့၏လစာတိုးရေး၊ ရှောင်တ ခင်ခွင့်ယူခြင်း စသောအလုပ်သ မားအခွင့်အရေးများကို အဖွဲ့များ မှတစ်ဆင့် ဖြေရှင်းနိုင်မည်ဖြစ် ကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment