Thursday, September 19, 2013

နေပြည်တော် အပါအဝင် ရန်ကုန်၊ မန္တလေး၊ မုံရွာစသော မြို့ကြီးများတွင် လျှပ်စစ်မီးပြတ်တောက်


ဓာတ်အားဖြန့်ဖြူးရေးစနစ် ချို့ယွင်းမှု (Break Down) ဖြစ်ပွားခဲ့ခြင်းကြောင့် စက်တင်ဘာလ ၁၉ ရက် ည ၇ နာရီခန့်မှ စတင်ကာ နေပြည်တော် အပါအဝင် ရန်ကုန်၊ မန္တလေး၊ မုံရွာစသော မြို့ကြီးများတွင် လျှပ်စစ်ဓာတ်အား တစ်နာရီခန့် ပြတ်တောက်ခဲ့ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးဝေရေးအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်လတ်က ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါး မြို့အနီးရှိ သာယာကုန်း လျှပ်စစ် ဓာတ်အားပေးရုံရှိ မိုးကြိုးလွှဲ (LA) ချို့ယွင်း ပျက်စီးခဲ့ခြင်းကြောင့် ဓာတ်အားဖြန့်ဖြူးရေးစနစ် ပြတ်တောက်မှု (Break Down) ဖြစ်ကာ မြန်မာနိုင်ငံ တစ်ဝန်းရှိ မြို့ကြီးများအားလုံး လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ကြောင်း၊ အဆိုပါ ဓာတ်အားပေးရုံတွင် ပြန်လည် ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နေရ၍ မြို့ကြီးများအနှံ့ ဓာတ်အား ပြတ်တောက်ရသည့် အကြောင်းရင်း အသေးစိတ်ကို ပြန်လည် ဖြေဆိုရန် အချိန်မရှိသေးကြောင်း ၎င်းကဆိုသည်။

ယနေ့ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် The Voice မှ ဆက်သွယ်မေးမြန်ရာ “အခု ရန်ကုန်မြို့တော်ကိုတော့ ပြန်ပေးနိုင်ပါပြီ။ တခြားမြို့တွေလည်း တစ်မြို့ပြီးတစ်မြို့ တစ်လိုင်းချင်း ပြန်ဝင်လာနေပါတယ်။ ဒီမှာ အရမ်းအလုပ်များနေလို့ နောက်မှပဲ အကြောင်းစုံ ရှင်းပြပါ့မယ်” ဟု ဦးမောင်မောင်လတ်က ပြန်လည် ဖြေဆိုသည်။

အထက်မြန်မာပြည် မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ ပြည်၊ တောင်ငူမြို့ကြီးများ အပါအဝင် အခြားမြို့များတွင်လည်း ည ၇ နာရီဝန်းကျင်မှစ၍ တစ်နာရီကျော်ကြာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်းများ ဖြစ်ပွား ခဲ့ကြောင်း ဒေသခံများထံ ဆက်သွယ် မေးမြန်းချက်များအရ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment