ယခင်က ဆေးလိပ်မသောက်ရဟု စာချိတ်ထားသောနေရာတွင် စီးကရက်သောက်နေသူများ ကို တွေ့ရ သည်။ သို့သော် အနံ့ထွက်မလာပါ။ နောက်မှ သတိပြုမိသည်မှာ ဆေးလိပ်နှင့် တူပြီးဆေးလိပ်အစစ်မ ဟုတ်သည့် အီးစီးကရက်ဖြစ်နေသည်။ ဆေးလိပ်ဖြတ်လိုသူများအတွက် နီကိုတင်းကို တိုက်ရိုက်ရှူခြင်းဖြင့် လိုအပ်နေသော နီကိုတင်းကို ဆေးလိပ်မပါဘဲရရန် စီစဉ်ထားခြင်း ဖြစ်သည်။ ဆေးလိပ်ဖြတ်သူများအတွက် အီးစီးကရက်ခေါ် လျှပ်စစ်စီးကရက်က အကူအညီများစွာဖြစ်စေကြောင်း စက်တင်ဘာ ၇ ရက် တနင်္ဂနွေနေ့ တွင် Lancet Medical Journal တွင် ဖော်ပြလိုက်သော သုတေသနစာတမ်းတစ်စောင်ကဆိုသည်။
လက်မောင်းတွင်ကပ်သော နီကိုတင်းအကွက်ပြားလေးများနည်းတူ သက်ရောက်မှုရှိသည်ဟု ဆိုသည်။ အီးစီးကရက်ဖြင့် ဆေးလိပ်ဖြတ်လိုသူ၊ လျှော့လိုသူများကို များစွာကူညီနိုင်ကြောင်း သုတေသနလေ့လာ မှုကိန်းဂဏန်း အစီရင်ခံစာများနှင့် ဖော်ပြသည်။ဆေးလိပ်သည် တစ်နှစ်ကို လူပေါင်းခြောက်သန်းသေဆုံးမှုအတွက် အဓိကတရားခံဖြစ်ပြီး ၂၀၃၀ ပြည့်နှစ် တွင်သေဆုံး သူရှစ်သန်းကျော်အထိ တိုးလာမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တွက်ဆထားသည်။ မြန် မာနိုင်ငံတွင် အမျိုးသား ၁၀၀ တွင် ၁၉ ဦးနှင့် အမျိုးသမီး ၁၀၀ တွင် ၁၈ ဦးနှုန်းသည်ဆေး လိပ်ကြောင့်သေ ဆုံးနေသည်ဟု ကမ္ဘာ့အဆုတ်ဖောင်ဒေးရှင်းနှင့် အမေရိကန်ကင်ဆာအသင်းက ထုတ်ပြန်သည့် ဆေးလိပ် ကမ္ဘာ့မြေပုံ (Tobacco Atlas) အချက်အလက်များအရ သိရသည်။ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဆေးလိပ်သောက်သူဦးရေတွင် အမျိုးသားက အမျိုးသမီးများထက် တစ်ဆကျော်ပို များနေ သည်။ သို့သော် ဆေးလိပ်ကြောင့် သေဆုံးရာတွင်မူ ကွာခြားမှုမများလှကြောင်း တွေ့ရသည့် အ တွက် အနီးအနားမှဆေးလိပ်ငွေ့ရှူရှိုက်ပြီး ရောဂါရရှိကြ သည်ဟု ဆိုနိုင်သည်။ မြန်မာကလေးသူငယ် ၁၀၀ တွင်လည်း ၃၄ ဦးက ဆေးလိပ်သောက်သုံးသူ လူကြီးများနှင့်အတူ နေထိုင်နေကြပြီး ဆေးလိပ်ငွေ့ကို တစ် ဆင့်ခံရှူရှိုက်နေရသည်။ မြန်မာများ ဆေးလိပ်ဖိုးအတွက် တစ်နှစ်လျှင် အနည်းဆုံးဒေါ်လာ ၁၄ သန်း ကုန် ကျခံနေသည်ဟုလည်း သိရသည်။
၂၀၁၁ ခုနှစ် ဧပြီလကထုတ်ပြန်ခဲ့သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အချက်အလက်များအရ မြန် မာနိုင် ငံတွင် အဆုတ်ကင်ဆာကြောင့် သေဆုံးသူ ၆၆၅၉ ဦးရှိခဲ့ပြီး အထွေထွေအဆုတ်ရော ဂါကြောင့် သေဆုံး သူမှာ ၁၆၃၃၈ ဦး ရှိသည်။ ဆေးလိပ်ဟုဆိုလိုက်လျှင် အဆုတ်ရောဂါဖြစ်ပေါ်သည်ကိုသာ အသိများကြ သည်။ သို့သော် အဆုတ်ရောဂါ၊ အဆုတ်ကင်ဆာနှင့် ကင်ဆာပေါင်းစုံကြောင့် သေဆုံးမှုများ တွင် ဆေး လိပ်က အဓိကတရားခံဖြစ်သည်။ နှာခေါင်း၊ ပါးစပ်၊ လည်ချောင်း၊ အဆုတ်၊ အစာအိမ်၊ ကျောက်ကပ်၊ ဆီး အိမ်၊ အရိုးချဉ်ဆီ၊ သွေးကင်ဆာ အစရှိသည်တို့လည်း ပါဝင်သည်။ ထို့ကြောင့် မြန်မာနိုင်ငံအ တွက် ဆေး လိပ်၏အန္တရာယ်က ထင်ရ၊ မြင်ရသည်ထက်ကို ပိုဆိုးနေသည်။ အဆစ်အမြစ်ကိုက်ရောဂါသည် ပင် ဆေး လိပ်ကြောင့် နှစ်ဆတိုးလာနိုင်သည်ဟုဆို၏။
အာရှအမျိုးသမီးများတွင် အဖြစ်များသည့် အရိုးပါးရောဂါသည်လည်း ဆေးလိပ်ကြောင့် ကျန်ခန္ဓာကိုယ် တစ်ခုလုံးကို ထိခိုက်သလို မျက်စိအမြင်အာရုံကို ထိခိုက်စေပြီး တိမ်ဖြစ်ပေါ်စေသည်ဟုလည်း သိရ သည်။ မြန်မာနိုင်ငံလို ဆေးဝါးကုသမှုနိမ့်ကျသော ဒေသတွင် မည်သည့်ရောဂါကြောင့်မှန်းမ သိကြ ဘဲ သေ ဆုံးသွားသူများစွာရှိနေသဖြင့် ဆေးလိပ်၏ရိုက်ခတ်မှု မည်မျှအထိကြီးမားမည်ကို အတိအကျမ သိနိုင်ပေ။ စာရင်းသွင်းရရှိထားသော အရေအတွက်ထက် များစွာပိုမည်က အသေအချာပင်။
ယခုအခါ အီးစီးကရက် ပေါ်ထွက်လာ၍ ဆေးလိပ်စွဲသူများအတွက် ဆေးလိပ်ဖြတ်ရန် သတင်းကောင်းဟု ဆိုနိုင်သော်လည်း ဆိုးကျိုးများကလည်း ရှိလာပြန်သည်။ အီးစီးကရက်ကလည်း စွဲစေသည်သာဖြစ် သည်။ ဆေးရွက်ပါသော ဆေးလိပ်လောက် အန္တရာယ်မများသော်လည်း လုံးဝအန္တရာယ်ကင်း သည်တော့ လည်း မဟုတ် ပါ။ အီးစီးကရက်တွင် အဆိပ်ဖြစ်စေသော ဓာတုဆေး Carcinogens နှင့် နောက်ဓာတု ဓာတ်ဖြစ်သည့် Diethylene Glycol ပါဝင်သည်။ ၎င်းဓာတုဓာတ်များက လူ့ကျန်းမာရေးကို ထိခိုက်စေပြန် သည်။ အီးစီးကရက်သောက်ပြီး အသက်ရှူလမ်းကြောင်း ပြဿနာဖြစ်ပေါ်ကြောင်း သတင်းပေးပို့ချက်များ ရှိခဲ့သည်။
နောက်ပြဿနာတစ်ခုမှာ ဆေးလိပ်ကို အသက်အရွယ်ကန့်သတ်ရောင်းချသည့် နိုင်ငံများတွင် အီးစီးကရက် ကို ကန့်သတ်ခြင်းမရှိသဖြင့် ဆယ်ကျော်သက်များ ၀ယ်ယူခွင့်ရနေခြင်းဖြစ်သည်။ ထိုမှ သုံးစွဲသူလူငယ် လည်း ပိုများလာသည်။ အမေရိကန်နိုင်ငံတွင် အလယ်တန်းနှင့် အထက်တန်းကျောင်းသားများ အီးစီးက ရက်သုံးစွဲမှု များပြားနေကြောင်း လေ့လာမှုများက ပြဆိုသည်။
အီးစီးကရက်ထုတ်လုပ်သူများက ကလေးနှင့် လူငယ်များအတွက် ထုတ်လုပ်ခြင်းမဟုတ်ပါဟု ဆိုနေသော် လည်း ချယ်ရီ၊ စတော်ဘယ်ရီ၊ ဗာနီလာ အစရှိသော ကလေးကြိုက်အနံ့များထည့်ပြီး ထုတ်လုပ်နေသည်။ လက်ရှိတွင် စီးကရက်ကြော်ငြာဆိုင်ရာဥပဒေသည် အီးစီးကရက်အပေါ် အကျုံးမ၀င်ပါ။
ဤအတောအတွင်း ဂရိနိုင်ငံသုတေသီများ၏ လေ့လာချက်အရ အီးစီးကရက်သုံးစွဲသူများတွင် အဆုတ်အား နည်းလာသည်ကို တွေ့ရသည်။ နီကိုတင်းငွေ့ကို အဆုတ်တွင်းတိုက်ရိုက်ရှူသွင်း ၍ ဖြစ်ပေါ် လာခြင်းဖြစ် သည်။ ပေါ်လာချိန်မကြာလှသေးသဖြင့် ရေရှည်တွင် မည်သို့သောအကျိုးဆက်များ ပေါ်ထွက်လာဦးမည် မသိရသေးပါ။
ဆေးလိပ်စွဲသူများ ဆေးလိပ်ဖြတ်ရန် အထောက်အကူပြုစေသည်ဟု ဆိုသော်လည်း ဆေးလိပ်စွဲသူ များမ ဟုတ် သည့် ကလေး၊ လူငယ်များအတွက် အီးစီးကရက် ကျယ်ကျယ်ပြန့်ပြန့်စွဲသည့် အချိန်တစ်ခုရောက် လာမည်ကို စိုးရိမ်နေရပေသည်။
ဓာတ်ပုံ- အင်တာနက်
ခင်မေဇော်(၀ါရှင်တန်ဒီစီ)
7Day News Journal







0 comments:
Post a Comment