Sunday, September 1, 2013

မြန်မာနေရှင်နယ်လိဂ်အသင်းများ လေ့ကျင့်ရေးကွင်း အခက်အခဲကြုံနေ

ရန်ကုန် မြို့တွင် အခြေစိုက်လေ့ကျင့်လျက် ရှိသည့် မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းအများစုသည် မိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် လေ့ကျင့်ရေးကွင်း အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိဂ်ကလပ် အသင်းများသည် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အား ကိုယ်စားပြုဝင်ရောက် ယှဉ် ပြိုင်နေကြခြင်း ဖြစ်သော်လည်း ကိုယ်ပိုင်အိမ်ကွင်းများမရှိခြင်း၊ လေ့ကျင့်ရေးကွင်း ကောင်းမွန်မှု မရှိခြင်းတို့ကြောင့် မိုးရာသီကာ လများတွင် ယခုလိုအခက်အခဲမျိုး နှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

ဧရာဝတီယူနိုက်တက် အ သင်း၏ စီမံမန်နေဂျာ ဦးဇော်မြင့် က ''ကျွန်တော်တို့ရဲ့ လေ့ကျင့်ရေး ကွင်းက မိုးရာသီဆို ကစားလို့မရ ဘူး။ ကွင်းပြဿနာက နှစ်တိုင်း ဖြစ်နေကျပါ။ လေ့ကျင့်ရေးကွင်း ကို ပြင်မယ်ဆိုရင် ပြင်လို့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ငှားရမ်းခွင့် ရတာက သူများတွေလို နှစ်၂၀ လောက်မဟုတ်ဘဲ တစ်နှစ်ချင်းစီ ချုပ်ဆိုနေရတော့ အဆင်မပြေပါ ဘူး။ ဒါကြောင့် သုဝဏ္ဏကွင်းမှာ သွားပြီး လေ့ကျင့်ရတယ်။ ဘော လုံးအဖွဲ့ချုပ်က တစ်ပတ်တစ်ခါ စက်ဘီးကွင်းမှာ လေ့ကျင့်ရေးပေး ဆင်းပါတယ်''ဟု ပြောသည်။

ကမ္ဘောဇအသင်းမန်နေဂျာ ဦးသန်းထိုက်က ''ကျွန်တော်တို့ လာမယ့် ၈ ရက်မှာ တောင်ကြီးကို သွားပြီး လေ့ကျင့်မယ်။ ရန်ကုန်မှာ မိုးများတော့ လေ့ကျင့်ရေးကွင်း အခက်အခဲရှိတယ်။ အဲဒီတော့ အသင်းရဲ့ လေ့ကျင့်မှုအစီအစဉ် တွေကို ကောင်းကောင်း မလုပ်ရ ဘူး။ ဒါကြောင့် ကြံ့ခိုင်မှုလေ့ကျင့် ခန်းတွေကို သုဝဏ္ဏကွင်းမှာ သွား လုပ်တယ်။ တစ်ခါတစ်လေ အဲဒီ မှာ သုံးသင်းလောက် သွားစုံတယ်။ ရတနာပုံ၊ မနောမြေ အသင်းတို့ လည်း ကြံခိုင်မှုလေ့ကျင့်ခန်းတွေ လာလုပ်နေတယ်။ ကျွန်တော်တို့ ရဲ့ လေ့ကျင့်ရေးကွင်း မကောင်း သလို ရတနာပုံအသင်းရဲ့ လေ့ကျင့် ရေးကွင်းလဲ မိုးတွင်းဆို ကွင်းထဲ ဆင်းမရဘူး။ ဒါကြောင့်အသင်း တွေအနေနဲ့ MFP Cup အ တွက် ပြင်ဆင်ရာမှာ အခက်အ ခဲတွေ ရှိပါတယ်''ဟု ပြောသည်။


Yangon Media Group

No comments:

Post a Comment