
ရန် ကုန်တွင် ဆန်ဈေးနှုန်းများကြီး မြင့်ကာ အမြင့်ဈေးဖြင့်ဆက်လက် တည်ရှိနေခြင်းကြောင့် အရန်ဆန် များကို ဩဂုတ် ၃ရက်မှစတင် ရောင်းချနေပြီဖြစ်ကြောင်း ဝါး တန်းဆန်ကုန်စည်ဒိုင်အသင်း အ တွင်းရေးမှူးဦးတင်ဦးက ပြော သည်။
ဝါးတန်းဆန်ကုန်စည်ဒိုင် အတွင်းရေးမှူးဦးတင်ဦးက ''ဆန် ဈေးက တန့်နေတယ်။ ကျလဲ မ ကျ၊ တက်လဲမတက်ဖြစ်နေတဲ့အ တွက် နယ်ဘက်ကို အသွားနည်း သွားတယ်။ ဒိုင်မှာလဲ ဆန်ဈေးက အတက်ဈေးနဲ့ ငြိမ်နေတဲ့ ပုံစံဖြစ် နေတဲ့အတွက် ဒီနေ့ပဲ အရန်ဆန် ကိုစရောင်းတယ်။ အိတ်ရေ ၁၆၀၀ လောက်ရောင်းပြီးသွားပြီ''ဟုဆို သည်။
ပြည်တွင်းဆန်များ ဈေး ကောင်းနေခြင်းကြောင့် နယ်တင် ပို့မှုများရှိနေသော်လည်း ပြည်တွင်း ပေါက်ဈေးဖြင့် ကွာဟမှုကျဉ်း မြောင်းကြောင်း၊ လက်ရှိ ဆန်ဈေး အခြေအနေကြောင့် ဆန်စပါးအ များပိုင်ကုမ္ပဏီမှ ပင်လယ်ရေကြောင်း ဆန်တင်ပို့မှုများလည်း ရပ်ဆိုင်း လျက်ရှိနေသည်ဟု ယင်းက ထပ် မံပြောသည်။
ဆန်ကုန်သည်အသင်းဥက္ကဋ္ဌ ဦးအောင်သန်းဦးက ရွှေဘိုပေါ် ဆန်းဈေးမြင့်တက်လာချိန်မှစ တင်ကာ ပြည်တွင်းဆန်ဈေးနှုန်း များ အဆမတန်မြင့်တက်ခြင်း မရှိစေရန် ပြောဆိုခဲ့သော်လည်း စက်တင်ဘာလမှစတင်ကာ ရန် ကုန်တွင် အရန်ဆန် စတင်ထုတ် ရောင်းခြင်းဖြစ်ကြောင်း သိရသည်။
အရန်ဆန်အား တစ်အိတ် လျှင် ကျပ် ၁၆၃၀ဝဖြင့် စတင် ထုတ်ရောင်းလျက်ရှိကြောင်း၊ လက်ရှိဈေးကွက်အတွင်းတွင် ၂၅ မှတ်ဆန်များ အနည်းငယ်နည်း ပါးလာမှုကြောင့် ပြည်တွင်းဆန် ဈေးမြင့်တက်မှုအား မဖြစ်ပေါ်ရန် အတွက်လည်းဖြစ်ကြောင်း ဆန် ကုန်သည်တစ်ဦးထံမှ သိရသည်။
အရန်ဆန်နှင့်အတူ ကုမ္ပဏီ သုံးခုမှလည်း ကုမ္ပဏီဆန်များကို ထုတ်ရောင်းလျက်ရှိနေကြောင်း၊ ယခုလ အစပိုင်းအတွင်း ဝါးတန် ဆန်ကုန်စည်ဒိုင်သို့ ဆန်အဝင် ပမာဏအိတ်ရေ ၅၅၀၀၀ ဝန်း ကျင်အထိ အဝင်ရှိနေသည့်အ တွက် ရန်ကုန်တွင်ဆန်အပြည့်ရှိ နေသည်ဟု ယင်းကုန်စည်ဒိုင်မှ သိရသည်။
စက်တင်ဘာ ၃ရက် ဝါး တန်းဆန်ကုန်စည်ဒိုင်စာရင်းများ အရ ရွှေဘိုပေါ်ဆန်းသစ်တစ်အိတ် လျှင် ကျပ် ၃၃၀၀ဝမှ ၃၄၅၀၀၊ မိုး စပါးရှယ်သုခဟောင်း တစ်အိတ် ကျပ်၂၀၃၀၀၊ မိုးစပါးရှယ်ဇီယာ ဟောင်းတစ်အိတ်လျှင် ကျပ် ၁၉၅၀၀၊ ဖျာပုံပေါ်ဆန်းတစ်အိတ် လျှင် ကျပ် ၂၄၀၀ဝမှ ၂၈၀၀၀၊ ဒေး ဒရဲပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၂၄၀၀ဝမှ ၂၈၀၀၀ ပေါ်ဆန်းနယ် စုံတစ်အိတ် ကျပ် ၂၄၀၀ဝမှ ၂၅၅၅၀၊ ဧည့်မထတစ်အိတ်လျှင် ကျပ် ၁၅၅၀ဝမှ ၁၈၁၀၀ အတွင်း ရှိနေကာ တစ်နေ့အိတ်အရေအ တွက်အားဖြင့် ၅၅၃၀ဝအထိ အဝင်ရှိနေကြောင်း သိရသည်။
Yangon Media Group






0 comments:
Post a Comment