Tuesday, September 3, 2013

ကန် ထိပ်သီးလွှတ်တော်အမတ်တွေ အိုဘာမားကို ထောက်ခံ

Syria

အနောက်အုပ်စုက တိုက်ခိုက်လာမယ်ဆိုရင်တော့ ဒေသတွင်းမှာ စစ်မီးရှို့လိုက်သလို ဖြစ်သွားမယ်လို့  ဆီးရီးယား သမ္မတ က တုန့် ပြန်ထားပါတယ်။ (Credit: ABC)

ဆီးရီးယားကို ​စစ်ရေးအရ၀င်ရောက်ဖို့အရေးနဲ့ပတ်သက်ပြီး ​အမေရိကန်သမ္မတဟာ ​အိုဘားမားဟာ ​ရေပါပလီကန် ​နဲ့ဒီမိုကရက်စ် ​ထိပ်သီးတချို့နဲ့အိမ်ဖြူတော်မှာ ​တွေ့ဆုံခဲ့ပြီး ​အမေရိကန် ​လွှတ်တော်က ​အရေးကြီး ​ခေါင်းဆောင်တချို့ရဲ့ ​ထောက်ခံမှုတွေရရှိခဲ့ကြောင်း ​သိရှိရပါတယ်။

အမေရိကန် ​လွှတ်တော်ရဲ့​ထောက်ခံမှု ​မရှိရင်တော့ ​ဆီးရီးယားကို ​စစ်ရေးအရ လုပ်ဆောင်ဖို့သူတို့အနေနဲ့ တဦးတည်း ​လုပ်ဆောင် ​သွားမှာ ​မဟုတ်ဘူးလို့ ​ပြင်သစ် ​သမ္မတ ​ဖရန်ဆွာအောလွန်းကလည်း ​မကြာသေးမှီက ​ထုတ်ဖော် ​ပြောကြားခဲ့ပါတယ်။

ဆီးရီးယားကို ​စစ်ရေးအရ ​၀င်ရောက်ဖို့နဲ့ပတ်သက်ပြီး ​အမေရိကန်နိုင်ငံရေး ​သမားတွေ ​ဆန့်ကျင်ခဲ့မယ် ​ဆိုရင်တော့ ​ဆီးရီးယားသူပုန်တွေကို ​လက်နက်ပိုင်းဆိုင်ရာ ​အကူအညီတွေ ​တိုးမြှင့်သွားတာမျိုးပဲ ​လုပ်ဆောင်သွားမယ်လို့ပြင်သစ်ကဆိုလိုက်ပါတယ်။

ဆီးရီးယားကိစ္စမှာ ​နိုင်ငံတကာရဲ့ ​ပူးပေါင်းဆောင်ရွက်မှုတွေကို ​လိုလားတဲ့ ​အကြောင်း ​ထုတ်ဖော်သွားခဲ့ပါတယ်။

ဆီးရီးယားအစိုးရဟာ ​ဓာတုလက်နက်တွေကို ​အသုံးပြုနေတယ်ဆိုတဲ့ ​သတင်းတွေထွက်လာပြီးတဲ့ ​နောက်ပိုင်း ​အနောက်အုပ်စုက ​ဆီးရီးယားကို ​စစ်ရေးအရ ​၀င်ရောက်ဖို့ကြိုးစားနေကြတာ ​ဖြစ်ပါတယ်။

ABC Radio Australia



0 comments:

Post a Comment