
အနောက်အုပ်စုက တိုက်ခိုက်လာမယ်ဆိုရင်တော့ ဒေသတွင်းမှာ စစ်မီးရှို့လိုက်သလို ဖြစ်သွားမယ်လို့  ဆီးရီးယား သမ္မတ က တုန့် ပြန်ထားပါတယ်။ (Credit: ABC)
ဆီးရီးယားကို စစ်ရေးအရ၀င်ရောက်ဖို့ အရေးနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတဟာ အိုဘားမားဟာ ရေပါပလီကန် နဲ့ ဒီမိုကရက်စ် ထိပ်သီးတချို့နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ပြီး အမေရိကန် လွှတ်တော်က အရေးကြီး ခေါင်းဆောင်တချို့ရဲ့ ထောက်ခံမှုတွေရရှိခဲ့ကြောင်း သိရှိရပါတယ်။
အမေရိကန် လွှတ်တော်ရဲ့ထောက်ခံမှု မရှိရင်တော့ ဆီးရီးယားကို စစ်ရေးအရ လုပ်ဆောင်ဖို့ သူတို့ အနေနဲ့  တဦးတည်း လုပ်ဆောင် သွားမှာ မဟုတ်ဘူးလို့ ပြင်သစ် သမ္မတ ဖရန်ဆွာအောလွန်းကလည်း မကြာသေးမှီက ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
ဆီးရီးယားကို စစ်ရေးအရ ၀င်ရောက်ဖို့ နဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံရေး သမားတွေ ဆန့် ကျင်ခဲ့မယ် ဆိုရင်တော့ ဆီးရီးယားသူပုန်တွေကို လက်နက်ပိုင်းဆိုင်ရာ အကူအညီတွေ တိုးမြှင့်သွားတာမျိုးပဲ လုပ်ဆောင်သွားမယ်လို့ ပြင်သစ်ကဆိုလိုက်ပါတယ်။
ဆီးရီးယားကိစ္စမှာ နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို လိုလားတဲ့ အကြောင်း ထုတ်ဖော်သွားခဲ့ပါတယ်။
ဆီးရီးယားအစိုးရဟာ ဓာတုလက်နက်တွေကို အသုံးပြုနေတယ်ဆိုတဲ့ သတင်းတွေထွက်လာပြီးတဲ့ နောက်ပိုင်း အနောက်အုပ်စုက ဆီးရီးယားကို စစ်ရေးအရ ၀င်ရောက်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။
ABC Radio Australia
No comments:
Post a Comment