Wednesday, September 4, 2013

တောင်သူလယ်သမားအများပိုင်ကုမ္ပဏီတန်ဖိုးနည်းအိမ်ရာဆောက်ရန် စီစဉ်

တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဖွဲ့စည်းတည်ထောင်သည့် တောင်သူလယ်သမား အများ ပိုင် ကုမ္ပဏီမှ ရန်ကုန်မြို့အနီးဝန်းကျင် များတွင် တန်ဖိုးနည်းအခန်းပေါင်း ၈၀ဝကျော်ပါဝင်သည့် အိမ်ရာစီမံ ကိန်းတစ်ခု ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်တန်ဖိုးနည်းအိမ် ရာစီမံကိန်း ဆောက်လုပ်ရန်အ တွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ထံ မြေနေရာရရှိရန်တင်ပြထား ကြောင်း မြန်မာနိုင်ငံတောင်သူ လယ်သမားဖွံ့ဖြိုးရေးပါတီမှ သိ ရသည်။

တောင်သူလယ်သမားဖွံ့ဖြိုး တိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးကျော် စွာစိုးက ''ရန်ကုန်မှာက လူဦးရေ နေထိုင်မှုပေါများလာပြီး အိမ်ရာ ပိုင်ဆိုင်မှုက နည်းနေတယ်။ အဲ ဒါကြောင့် တောင်သူလယ်သမား အများပိုင်ကုမ္ပဏီပေါင်းပြီး လုပ် ဆောင်မှာပါ။ အမှန်တကယ် တန် ဖိုးနည်းတဲ့ဈေးနှုန်းတွေနဲ့ တန်ဖိုး နည်းအိမ်ရာတွေ ဆောက်လုပ် မှာပါ။ ပါတီအနေနဲ့ လုပ်ဆောင် တာမဟုတ်ပါဘူး''ဟု ပြောသည်။
လက်ရှိအချိန်တွင် ရန်ကုန် မြို့ပေါ် လူဦးရေခြောက်သန်းခန့် တွင် နှစ်သန်းဝန်းကျင်သာ အိမ် ရာပိုင်ဆိုင်မှုများရှိပြီး ကျန်လေး သန်းဝန်းကျင်သည် အိမ်ရာမဲ့များ ဖြစ်နေ၍ ယင်းတို့အနေဖြင့် တန် ဖိုးနည်းစွာဝယ်ယူနိုင်ရန် ယခုလို ပြုလုပ်ပေးရန် ရည်ရွယ်ဆောင် ရွက်ခြင်းဖြစ်ကြောင်း ယင်းက ထပ်မံပြောသည်။

အဆိုပါတန်ဖိုးနည်းအိမ်ရာ ကို ရန်ကုန်တိုင်းဒေသကြီးပတ် ဝန်းကျင်တွင် ဆောက်လုပ်ပြီးစီး သွားပါက အိမ်ရာအမှန်တကယ် လိုချင်သူများသာလျှင် ရောင်းချ မည်ဖြစ်ပြီး ယင်းကိစ္စအား အစိုးရ အဖွဲ့များထံတင်ပြ၍ ခွင့်ပြုချက် ရရှိပါက အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းက ပြောသည်။

ယင်းတန်ဖိုးနည်းအိမ်ရာ အားဆောက်လုပ်မည့် တောင်သူ လယ်သမားအများပိုင်ကုမ္ပဏီမှ အတွင်းရေးမှူး ဦးသက်ဇော်က ''အခုမြေနေရာအတွက် ဥက္ကဋ္ဌက ဆောင်ရွက်နေပါတယ်။ လက်ရှိ ဆောင်ရွက်ဖို့ စီစဉ်နေတာကတော့ ခြောက်ထပ်တိုက်ကို ခြောက်ခန်း တွဲဆောက်မှာပါ။ အလုံးပေါင်း ၂၂လုံးလောက်ဆောက်ဖို့ စီစဉ် ထားတယ်''ဟုပြောသည်။

ယင်းတန်ဖိုးနည်းအိမ်ရာ များတည်ဆောက်ပြီးပါက ကျပ် သိန်း၁၂ဝခန့်ဖြင့် ရောင်းချပေးနိုင် ရန်စီစဉ်ထားပြီး အဆိုပါအိမ်ရာ ဆောက်လုပ်ရာတွင် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများ၏ ဈေးနှုန်း အတတ်အကျပေါ် မူတည်ကာ ဈေးနှုန်းအပြောင်းအလဲ ဖြစ်နိုင် ကြောင်း ယင်းက ဆိုသည်။

လက်ရှိတွင် ရန်ကုန်တိုင်း ဒေသကြီး၌ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများအဖြစ် ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော် မတီမှတည်ဆောက်ရန် စီစဉ်လျက် ရှိသည့် အိမ်ရာစီမံကိန်းလေးခု၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီး ဌာနမှသုံးခုနှင့် လူမှုဖူလုံရေးဝန် ကြီးဌာနမှ တန်ဖိုးနည်းအိမ်ရာစီမံ ကိန်းတစ်ခုတို့ကို တည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment