
၁၉၁၉ ခုနှစ်ကတည်းက တည်ရှိလာတဲ့ ပြင်သစ် မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္မဏီ Citroen ဟာလည်း တော်ဝင်ကား ထုတ်လုပ်ရေး ကုမ္မဏီတစ်ခုပါပဲ။ ကုမ္မဏီဆက်လက် ရပ်တည်ဖို့ စီးပွားရေး အကြပ်အတည်း တွေ့ချိန် အစိုးရ ထောက်ပံ့မှု ရရှိခဲ့ပြီး ယနေ့မှာ နိုင်ငံဂုဏ်ဆောင်တဲ့ မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္မဏီ တစ်ခု အဖြစ် တည်ရှိနေပါသေးတယ်။
အထူးသဖြင့် ဇိမ်ခံကားတွေကို သီးသန့် ထုတ်တာပါ။ ဆလွန်း၊ ဗန်နဲ့ ပြိုင်ကား အထုတ်များပြီး SUV ကတော့ အမျိုးအစား နည်းပါတယ်။ ပုံမှာ မြင်တွေ့နေရတာကတော့ Citroen က ထုတ်မယ့် Cactus လို့အမည်ရတဲ့ Concept ကား ဖြစ်ပါတယ်။ ဘယ်တော့ထွက်မယ်ဆိုတာကို မပြောပေမယ့် လာမယ့် Frunkfurt မော်တော်ယာဉ် ပြပွဲ အတွက် ပြင်ဆင် ထားခြင်း ဖြစ်ပါတယ်။ လျှပ်စစ်ကား သို့မဟုတ် ဟိုင်းဘရစ်ကား အဖြစ်သာ ဈေးကွက်ရောက်ရှိမယ့် Citroen ရဲ့  နည်းပညာအဆင့်မြင့် SUV ကား ဖြစ်ပါတယ်။ အတွင်းမှာ နည်းပညာ အသုံးပြုမှု ထူးခြားပြီး ကွန်ပြူတာ ထိန်းချုပ်စနစ် အများဆုံး ပါဝင်လာစေမယ်လို့ ဆိုပါတယ်။
နေရောင်ခြည်နဲ့တောင် အားသွင်းလို့ရမယ်လို့ ခန့်မှန်း ယူဆ ထားကြ ပါတယ်။ Citroen ကတော့ ပြပွဲရောက်မှ ပြောပြမှာပါ။ ကားရဲ့  ဒီဇိုင်း က ဗြိတိန်ထွက် Range Rover နဲ့တော့ အနည်းငယ် ဆင်နေပါသေးတယ်။ လာမယ့် Frunkfurt မော်တော်ယာဉ် ပြပွဲမှာ ဝင်ရောက်ပြသမှာ ဖြစ်ကြောင်း သိရပါတယ်။
Ref: autoblog
ColayAutomobile






0 comments:
Post a Comment