Tuesday, September 3, 2013

အိန္ဒိယကျောင်သား Drone ကိုတီထွင်အောင်မြင်


အိန္ဒိယကွန်ပျူတာကျောင်းသားဖြစ်တဲ့ အသက်-၂၁ နှစ်အရွယ် Subhanjan Saha ဟာလူမဲ့ ထိန်းချုပ်မောင်းနှင်နိုင်တဲ့ Drone ကိုတီထွင်အောင်မြင်ခဲ့တယ်လို့ဆိုပါတယ်။

လက်ရှိ Manindra Chandra College မှာကွန်ပျူတာဘာသာရပ်တက်ရောက်သင်ကြားနေတဲ့ Saha ကို ကာကွယ်ရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး သုတေသန(DRDO) နှင့် Hindustan Aeronautics Limited (HAL) တို့မှDrone ကိုအဆင့်မြင့်တီထွင်ဖန်တီးနိုင်အောင် ဆက်လက်ထောက်ပံ့ပေးသွားမယ်လို့ဆိုပါတယ်။

ရည်ရွယ်ချက်ကတော့ အနာဂတ်အိန္ဒိယနိုင်ငံ စစ်ရေးအရ၊တိုးတက်စေဖို့နဲ့ကာကွယ်ရေးပိုင်းမှာ အဆင့်မြင့်တင်နိုင်ဖို့ ယခုလိုကူညီထောက်ပံ့ပေးတယ်လို့သိရပါတယ်။

ကနဦးတီထွင်ဖန်တီးမူအရ Remote နဲ့ထိန်းချုပ်ပျံသန်းရမှာဖြစ်ပြီး ရှေ့ကင်မရာ၊နောက်ကင်မရာတပ်ဆင် ထားသည့် အပြင် မြေပြင်မှပုံရိပ်ကို ဝေဟင်အမြင့် ၁၀ ကီလိုမီတာ မှနေ၍ပုံရိပ်များကို ဖမ်းယူကြည့်ရှုလို့ အဆင်ပြေစေမှာဖြစ်ပါတယ်။

ဘက်ထရီအားသွင်းတဲ့ စနစ်ဖြစ်ပြီး အားပြည့်စွာသွင်းထားပါက ပျှမ်းမျှမိနစ် ၆၀ အထိကြာမြင့်စွာ ပျံသန်းနိုင်တယ်လို့ဆိုပါတယ်။

သူ့ရဲ့ တီထွင်မူနဲ့ပတ်သက်ပြီး Saha ကယခုလိုပြောကြားခဲ့ပါတယ်။"ငယ်စဉ်ကတည်းက ကျွန်တော်ဟာ စက်ကရိယာတွေနဲ့ ပတ်သက်ပြီးတီထွင်ဖန်တီးမူတွေ ကိုအမြဲစိတ်အားထက်သန်ခဲ့တဲ့သူပါ။ကွန်ပျူတာနဲ့ ပတ်သက်တဲ့ ချိတ်ဆက်ဖန်တီးမူတွေကိုလည်း ဝါသနာပါတဲ့အတွက် လေ့လာထားတဲ့ ပညာရပ်တွေနဲ့ ပေါင်းပြီး ယခုလိုဖန်တီးတာပါ။ခင်ဗျားလည်း သိတဲ့ အတိုင်းပဲ အိန္ဒိယမှာက လျှပ်စစ်နဲ့ပတ်သက်တဲ့ အပိုပစ္စည်းတွေကဈေးအရမ်းကြီးတယ်လေ။ဒါကြောင့် အွန်လိုင်းမှာရှိတဲ့ သူငယ်ချင်းတွေရဲ့အကူအညီ ကိုယူပြီး အင်တာနက်ကနေ လိုချင်တဲ့ ပစ္စည်းတွေကို အော်ဒါမှာယူရတာပေါ့။သာမန်လုပ်နေကျ အချိန်တွေထက်တော့ ကြာသွားတာပေါ့။ဒါပေမယ့်အခုတော့ကျွန်တော်လုပ်နိုင်ခဲ့ပါပြီ။အနာဂတ် တိုင်းပြည်လုံခြုံရေးနဲ့ စစ်ရေးတွေမှာ အသုံးပြုဖို့အတွက် ဒီထက်ကောင်းမွန်တဲ့ Droneတွေကို ကျွန်တော် ဆက်လက်ဖန်တီးပေးသွားမှာပါ"လို့ပြောဆိုခဲ့ပါတယ်။

အိန္ဒိယအလံဒီဇိုင်းနဲ့ဖန်တီးထားတဲ့ Drone နှင့်အတူ အသက်-၂၁ နှစ်အရွယ်ကျောင်းသားလေးဖြစ်တဲ့ Subhanjan Saha ကိုယခုလိုမြင်တွေ့ရမှာပါ။

Ref:techblog
Khun Nay(August Myanmar Media Group)
TechSpace Journal

0 comments:

Post a Comment