
အင်ဂျင်အရွယ် ၃.၂ လီတာ Penetastar V ၆ လုံး အင်ဂျင်ကို အသုံပြုထားပြီး အော်တို ဂီယာ ၉ ချက် တစ်မျိုးထဲ ထုတ်လုပ် ပါတယ်။ သို့ပေမယ့် ၂ ဘီးမောင်းနဲ့ ၄ ဘီးမောင်းဆိုပြီးတော့ ခွဲထုတ်ထား ပါတယ်။ ဒီတော့ ၂ ဘီးမောင်း ကားမှာ ဆီစားနှုန်းက မြိ့ တွင်း ၂၂ မိုင်ကို ၁ ဂါလံ ဖြစ်ပြီး ဟိုင်းဝေး ၃၁ မိုင်ကို ၁ ဂါလံ ဖြစ်ပါတယ်။ ၄ ဘီးမော်းမှာတော့ ၂၁ မိုင် ၁ ဂါလံနဲ့ ဟိုင်းဝေး ၂၈ မိုင် ၁ ဂါလံ ဖြစ်ပါတယ်။ ဒီတော့ ယခင် ထုတ်လုပ်နေကျ Jeep များနဲ့ စာရင် သိသိသာသာ ဆီစား သက်သာသွားခြင်း ဖြစ်ပါတယ်။ အခြား ကားများနဲ့ ယှဉ်ရင်တော့ မထူမခြားနားပါပဲ။
အကြမ်းခံမှုနဲ့ Safety အပိုင်းကိုတော့ Chrysler တို့ အာမခံ ထားပါတယ်။ ၂၀၁၄ မော်ဒယ်အတွက် ဖြစ်ပြီး မာကဲတင်း စဆင်းနေပါပြီ။ ၂၀၁၃ နှစ်ကုန်ပိုင်းအတွင်း ဈေးကွက် စတင် ဖြန့်ချိတော့မယ့် ကား ဖြစ်ကြောင်း သိရပါတယ်။
Ref: autoblog
ColayAutomobile
No comments:
Post a Comment