Thursday, September 12, 2013

တရုတ်ပြည်အတွင် နဂါးဗားရှင်း Jeep Wrangler ထုတ်လုပ်


အမေရိကန် Chrysler ကုမ္မဏီဟာ တရုတ်ပြည်ဈေးကွက်ကို ဘယ်လို ချဲ့ ထွင်ရမယ် ဆိုတာ သိပါတယ်။ ဒါကြောင့်လဲ ပုံမှန်ထုတ်လုပ်နေတဲ့ SUV – Jeep Wrangler ကို နဂါးဒီဇိုင်းဆိုပြီး တရုတ်ပြည်မှာ စတင် ရောင်းချ တော့မှာ ဖြစ်ပါတယ်။
နဂါးဒီဇိုင်းဆိုလို့ သိပ်မထူးခြားပါဘူး။ အပြင် ကားအရေခွံကို နဂါး ဗိသုကာ လက်ရာနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ပြီးတော့ အတွင်းခန်းမှာလဲ တရုတ်လူမျိုးတို့ ကြိုက်နှစ်သက်တဲ့ အသွင်အပြင် သဏ္ဍာန်ကို ကြိုးစား ဖန်တီး ပေးထား ပြန်ပါတယ်။ ကား အင်ဂျင်ကတော့ ၂.၈ လီတာ၊ ၃.၆ လီတာနဲ့ ၃.၈ လီတာ ဗားရှင်းပါပဲ။ ဆလင်ဒါ ၆ လုံးပူး အင်ဂျင်ကို အသုံးပြုထားခြင်းပဲ ဖြစ်ပါတယ်။ အော်တို ဂီယာ ၄ချက်၊ ၅ ချက်၊ ၆ ချက်ထိုး အသီးသီး ဖန်တီး ထုတ်လုပ်ထားပါတယ်။ တံခါး ၂ ပေါက်နဲ့ ရှိသလို၊ တံခါး လေးပေါက် Jeep Wrangler လည်း ပါဝင်ပါတယ်။

ဈေးနှုန်းလည်း သိပ်မကြီးပါဘူး။ တရုတ်ပြည်ဈေးကွက်အတွက် ရည်ရွယ်တဲ့ Jeep Wrangler Dragon Design ကို အမေရိကန်ဒေါ်လာ ၃၆၀၉၅ နဲ့ ရောင်းချသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref:autoblog
Aung Kham (ColayAutomobile)

0 comments:

Post a Comment