နဂါးဒီဇိုင်းဆိုလို့ သိပ်မထူးခြားပါဘူး။ အပြင် ကားအရေခွံကို နဂါး ဗိသုကာ လက်ရာနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ပြီးတော့ အတွင်းခန်းမှာလဲ တရုတ်လူမျိုးတို့ ကြိုက်နှစ်သက်တဲ့ အသွင်အပြင် သဏ္ဍာန်ကို ကြိုးစား ဖန်တီး ပေးထား ပြန်ပါတယ်။ ကား အင်ဂျင်ကတော့ ၂.၈ လီတာ၊ ၃.၆ လီတာနဲ့ ၃.၈ လီတာ ဗားရှင်းပါပဲ။ ဆလင်ဒါ ၆ လုံးပူး အင်ဂျင်ကို အသုံးပြုထားခြင်းပဲ ဖြစ်ပါတယ်။ အော်တို ဂီယာ ၄ချက်၊ ၅ ချက်၊ ၆ ချက်ထိုး အသီးသီး ဖန်တီး ထုတ်လုပ်ထားပါတယ်။ တံခါး ၂ ပေါက်နဲ့ ရှိသလို၊ တံခါး လေးပေါက် Jeep Wrangler လည်း ပါဝင်ပါတယ်။
ဈေးနှုန်းလည်း သိပ်မကြီးပါဘူး။ တရုတ်ပြည်ဈေးကွက်အတွက် ရည်ရွယ်တဲ့ Jeep Wrangler Dragon Design ကို အမေရိကန်ဒေါ်လာ ၃၆၀၉၅ နဲ့ ရောင်းချသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref:autoblog
Aung Kham (ColayAutomobile)
No comments:
Post a Comment