Tuesday, September 24, 2013

NLD၂ဝ၁၅ ရွေးကောက်ပွဲ အနိုင်ရပါက နိုင်ငံကို ဦးဆောင်နိုင်စွမ်း အပြည့်ရှိသည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ဆို

မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံအတွင်း၌ သူမ၏ပါတီသည် အစွမ်းဆောင်နိုင်ဆုံး နိုင်ငံရေးပါတီဖြစ်ပြီး ၂ဝ၁၅အထွေထွေ   ရွေးကောက်ပွဲတွင်အနိုင်ရပါက နိုင်ငံကို ဦးဆောင်နိုင်စွမ်းရှိကြောင်း စက်တင်ဘာ ၂၄ ရက်နေ့က ပြောခဲ့သည်။

”အတိုက်အခံ NLD ပါတီသည် ”ဒီမို ကရေစီနည်းလမ်းအရ တည်ဆောက်နိုင် သော တစ်ခုတည်းသော ပါတီဖြစ်သည်”ဟု စင်ကာပူတွင် မီဒီယာများ၏ မေးမြန်းမှု ကို ဒေါ်အောင်ဆန်းစုကြည်က တုံ့ပြန်ပြောကြား ခဲ့ပြီး ”အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ပြည်သူကိုကိုင်တွယ်နိုင်စွမ်းအပေါ် အပြည့် အဝ ယုံကြည်မှုရှိကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မြန်မာနိုင်ငံတွင် အလွန်ထင်ပေါ်ကျော်ကြား ပြီး ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ၄၄ နေရာ၌ ၄၃ နေရာ အနိုင်ရခဲ့သည်။ နိုင်ငံတော်သမ္မတ၏ အရည်အချင်းများအပေါ် ကန့်သတ်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်းမပြုလျှင် သူက သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရမည် မဟုတ်ပေ။ ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တိုက်တွန်းကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။

၂ဝ၁၅ မတိုင်မီအခြေခံဥပဒေ ပြင်ဆင် ခြင်းမပြုလျှင် ရင်ဆိုင်ရမည့်ပြဿနာ ပိုများ နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေး လုပ်ငန်းရှင်များက မြန်မာနိုင်ငံတွင် မည်သို့ ရင်းနှီးမြှုပ်နှံသင့်သည်နှင့် ပတ် သက်၍ သူမ၏ တွေးခေါ်မြော်မြင်မှုကို  ကြားရရန် စိတ်အားထက်သန်နေကြ သည်။

ဒေါ်အောင်ဆန်းစုကြည်က တာ ဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုကို အား ပေးခဲ့ပြီး အထူးသဖြင့် မြန်မာနိုင်ငံ၏ အသေးစားစီးပွားရေးနှင့် စိုက်ပျိုးရေး ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံစေလိုပြီး အလုပ် နေရာခန့်ထားမှုကို ဖန်တီးမပေးနိုင်သည့် အရင်းအမြစ်ထုတ်ယူမှုကဏ္ဍတွင် ရင်း နှီးမြှုပ်နှံခြင်းကို အားမပေးခဲ့ပေ။

”ရင်းနှီးမြှုပ်နှံမှုဟာ အရည် အ သွေးအတွက်ပဲ။ အရေအတွက် မဟုတ် သင့်ဘူး”ဟု သူမက ပြောသည်။

ကျွမ်းသူကျင်အချို့က ဒေါ်အောင် ဆန်းစုကြည်၏ ထုတ်ဖော်ပြောဆိုချက် သည် မရေမရာဖြစ်ရသေးခြင်းတို့ စိုးရွံ့ နေကြပြီး ရင်းနှီးမြှုပ်နှံသူများက ၂ဝ၁၅ တွင် အစိုးရဖြစ်လာနိုင်ခြေ ရှိသောNLD ၏ မြန်မာ့စီးပွားရေးမူဝါဒအပြောင်းအလဲအပေါ် စိုးရိမ် နေကြသည်။

”မြန်မာနိုင်ငံတွင်းမှာ လုပ်ငန်း လုပ်ဆောင်နေတဲ့ ကုမ္ပဏီတွေဟာNLD က စီးပွားရေးပေါ်လစီဆိုင်ရာ မူကြမ်း၊ စာတမ်း သို့မဟုတ် စီးပွားရေး မူဝါဒနဲ့ပတ်သက်ပြီး အဆိုပြုထားတဲ့ အဆိုပြုစာတမ်းတွေ တစ်ခုမှ မထုတ်ပြန် တဲ့အပေါ် စိုးရိမ်စိတ် ရှိနေကြပါတယ်” ဟု ရန်ကုန်အခြေစိုက် အကြံပေးကုမ္ပဏီ Vriens & Partners  ဒါရိုက်တာ ဒန်နီယမ်ဂယ်လ်ဖာက ပြောသည်။

”မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့ သူတွေက NLD  ရဲ့ ရင်းနှီးမြှုပ်နှံမှုအပေါ် ရှုမြင်ပုံကို သိဖို့ ကြိုးစားနေကြပါတယ်” ဟု ၄င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူခရီးစဉ်အတွင်း ဝန်ကြီးချုပ် လီရှန်လွန်း အပါအဝင် ထိပ်သီးခေါင်း ဆောင်များ၊ သံတမန်များနှင့်သာမက စင်ကာပူရောက် မြန်မာ ၆ဝဝဝ ခန့်နှင့် လည်း တွေ့ဆုံခဲ့သည်။

Ref: Wall Street Journal(blog)

popularmyanmar

No comments:

Post a Comment