မြန်မာ့ငြိမ်းချမ်းမှုဖေါ်ဆောင်ရေးကော် မတီဒု-ဥက္ကဋ္ဌ ဦးအောင်မင်းဦးဆောင်သည့် အဖွဲ့နှင့်ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီတို့ စက်တင်ဘာလ ၈ ရက်တွင် ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် တွေ့ဆုံရန် ရှိနေရာ ဖိတ်ကြားခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၊ UNA အဖွဲ့၊ NBF အဖွဲ့များတို့မှ UNA တစ်ဖွဲ့သာ တက်ရောက်ရန် ရှိနေသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက်္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှာ ဥရောပခရီးစဉ်နှင့် ရက်နီးကပ်နေသဖြင့် တက်ရောက်နိုင်ရန်မဖြစ်နိုင်ဟု ကိုယ်ရေးအရာရှိဖြစ်သူ ဒေါက်တာတင်မာအောင်က အကြောင်းပြန်ထားသည်ဟု UNFC အထွေထွေ အတွင်းရေးမှူး ၂ ပဒိုမန်းမန်းကပြောသည်။
“သိရသလောက်ကတော့ ဒေါ်အောင်ဆန်းစုကြည်က ဥပရောကခရီးစဉ်ရှိနေလို့ ဒါကိုတော့ မပါဝင်နိုင်တဲ့ အကြောင်း ကို ပြန်ထားတယ်” ဟု ပဒိုမန်းမန်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခြင်းရှိမရှိကို NLD ပြောခွင့်ရ ဦးဖြိုးဇေယျာသော်ကို မေးမြန်းသော်လည်း အတည်ပြုပေးနိုင်ခြင်း မရှိဟုဆိုလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ်မှာ စက်တင် ဘာ ၁၀ ရက်တွင် စတင်မည်ဟုဆိုသည်။
ထို့အပြင်ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF အနေဖြင့်လည်း အဖွဲ့တွင်း အစည်းအဝေး ပြုလုပ်ရန် ရက်ဖြင့် တိုက်ဆိုင်နေသည့်အတွက် တက်ရောက်နိုင်မည်မဟုတ်ဟု NBF အဖွဲ့ဝင် ဦးစောသန်းမြင့်က ပြောသည်။
သို့သော် UNA ကိုယ်စား မွန်ဒီမိုကရေစီပါတီမှ ပါတီဒု-ဥက္ကဋ္ဌ နိုင်သက်လွင်နှင့် ဗဟိုအလုပ်မှုဆောင် နိုင်စိုးမြင့်တို့ ကိုယ်စားပြု တက်ရောက်မည်ဖြစ်သည်။ “သူတို့နှစ်ဦးကတော့ လေ့လာသူအဖြစ်သွားရောက် တက်ရောက်ကြမှာဖြစ်ပါတယ်။ အထွေအထူးတင်ပြစရာတော့မရှိပါဘူး” ဟု UNA အဖွဲ့ဝင် စိုင်းညွန့်လွင်က မဇ္ဈိမကိုပြောသည်။
နှစ်ဖက်တွေ့ဆုံပွဲကို ယခင်ပထမအကြိမ်ကျင်းပသလိုပင် အစိုရး၏ ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ကို ဦးအောင်မင်း မှ ဦးဆောင်မည်ဖြစ်သည်။ UNFC မှ ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ကို အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ဦးဆောင်မည်ဖြစ်ရာ ကိုယ်စားလှယ် ၁၀ ဦးကျော်ပါဝင် တက်ရောက်မည်ဖြစ်သည်။
Technical Team နဲ့ တွေ့ထားတဲ့အပေါ်မှာ ဆွေးနွေးထားတဲ့ ရှေ့လာမယ့်နိုင်ငံရေးဆွေးနွေးမှုပုံစံကို ဘယ်လို သွားမလဲ။ ပြန်ပြောမယ်ဆိုရင် ခဏခဏပြောနေတဲ့ မူဘောင် (Road Map)ပေါ့ဗျာ။ အဓိကညှိရမှာပေါ့” ဟု UNFC အထွေထွေအတွင်းရေးမှူး ၂ ပဒိုမန်းမန်းက ပြောသည်။ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးခြင်းအဖြစ် ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ကာပြီးခဲ့သည့် နှစ်ဆန်းဖေဖော်ဝါရီလ ၂၀ ရက်တွင်လည်း ပထမအကြိမ် တွေ့ဆုံခဲ့ကြပြီးဖြစ်သည်။
Mizzima News
No comments:
Post a Comment