
ဆရာ ဒေါက်တာထွန်းလွင် ပြောပြတဲ့ မုန်တိုင်း အခြေအနေပါ။ အခုလို ပြောပြတဲ့ ဆရာ့ကို ကျေးဇူးတင်ပါတယ်။
တိုင်ဖွန်း USAGI ရဲ့ မိုးသက်လေနှင် ခရီးစဉ်
(သို့မဟုတ်) မပြီးသေးတဲ့ ပန်းချီကားတစ်ချပ်
Weather News Update
25-9-2013
4:38 am
မြန်မာနိုင်ငံအောက်ပိုငးဒေသတွေမှာ မိုးမပြတ်ရွာနေတဲ့နည်းတူ ဟိုး..အထက်ပိုင်း မြန်မာနိုင်ငံအရှေ့မြောက်ဖက်အရပ်မှာလည်း အနောက်ဖက်ကို ရွေ့လာနေတဲ့ တိုင်ဖွန်း USAGI ရဲ့ အကျွင်းအကျန် တိမ်တိုက်ကြီးဟာလည်း ဆက်လက်တည်ရှိနေတဲ့အပြင် ပိုလို့တောင် အားကောင်းလာကာ ကုန်းတွင်း မုန်တိုင်းငယ်တစ်ခု ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
နေရာဒေသအနေနဲ့ ဝေးသေးခြင်း၊ လတ္တီတွဒ် အနေနဲ့ လည်း မြင့်နေသေးခြင်းတို့ကြောင့် လောလောဆယ်တော့ အန္တရာယ်မရှိသေးပါဘူး။
ခက်တယ်ဗျာ။ ကနေ့ ခေတ်သစ်ကမ္ဘာမှာ တခြားဟာတွေတော့ မပြောတော့ပါဘူး။ မိုးလေ၀သမှာတောင် နယ်စပ်ကျော်ဖြတ်သဘာဝဘး(Transboundary Disasters) တွေဟာ တစ်နေ့ထက်တစ်နေ့ ဆိုးဆိုးလာနေပါတယ်။
အရင်တုံးကတော့ ဒါတို့မြေ. ဒါတို့ပြည်..လောက်ဘဲကာကွယ်ဖို့လိုပေမယ့် ကနေ့ခေတ်သစ် ပူနွေးတဲ့ကမ္ဘာကြီးမှာတော့ ဒါတို့ပြည်၊ ဒါတို့မြေ သာမကတော့ဘဲ ဒါတို့ရေ၊ ဒါတို့လေ၊ ဒါတို့အမွေ....တွေကိုပါ ထိန်သိမ်းကာကွယ်ဖို့ တာဝန်တွေက တိုးလာရပြန်ပြီပေါ့...
ဒေါက်တာထွန်းလွင် (MCCW)
Popular Journal
No comments:
Post a Comment