တစ်နိုင်ငံလုံးရှိ မော်တော်ယာဉ် အဟောင်းများကို အပ်နှံမှုပြုရာတွင်ကားတစ်စီးခြင်းအလိုက် အစိုးရသတ် မှတ်ထားသည့် တန်ဖိုးထက် ပိုမိုတောင်း ခံမှုရှိပါက နေပြည်တော်ရုံးသို့ တိုင်ကြား နိုင်ကြောင်း သတင်းရရှိ သည်။
သက်တမ်းလွန် မော်တော်ယာဉ်များ ၏ အခွန်နှုန်းထားသတ်မှတ်ချက်မှာ အဆို ပါသက်တမ်း လွန်မော်တော်ယာဉ်၏ ကာ လတန်ဖိုး၏ တစ်ဝက်ကို (၁၅) ရာခိုင်နှုန်း နှင့် မြှောက်၍ယူရမှာဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်အရ သိရှိရသည်။
ယာဉ်အိုယာဉ်ဟောင်းများဖြစ်ကြ သည့် (စ၊ ဆ၊ ဇ၊ ဈ၊ ည၊ ဏ၊ ထ၊ ဒ၊ ဓ၊ န၊ ပ၊ ဗ၊ ဘ၊ လ၊ သ) စသည့် လေလံ အပ်မည့်ကား များနှင့် အငှားယာဉ်များ ဖြစ်သည့် Saloon, Pick up, Wagon, Truck, Bus, Jeep တို့၏ သတ်မှတ်တန် ဖိုးအပြည့်မှာ သိန်း (၄၀) ဖြစ်သည်။ ထို့ အတွက် အခွန်ပေးဆောင်ရာတွင် သတ် မှတ် တန်ဖိုးအပြည့်ပေါ်တွင် (၁၅) ရာခိုင် နှုန်းဖြင့် အခွန်ပေးဆောင်ရမှာမဟုတ်ဘဲ သတ်မှတ်တန်ဖိုးအပြည့်၏ (၅၀) ရာခိုင် နှုန်းတွင်သာ (၁၅) ရာခိုင်နှုန်းဖြင့် တွက် ချက်ယူပါက သုံးသိန်းသာပေးဆောင်ရမည် ဖြစ်သည်။
ထို့အပြင်အခြား CNG တင်ယာဉ် များဖြစ်ကြသည့် အက္ခရာ (စ) မှ (သ) အ ထိအငှားယာဉ်များအပါအ၀င် Saloon, Pickup Truck, Bus, Jeep စသည့်ယာဉ် တို့၏ တန် ဖိုးအပြည့်မှာ သိန်း (၅၀) ရှိပြီး သတ် မှတ်အခွန်အတိုင်းပေးဆောင်ပါက ကျသင့်ခွန် (၃၇၅၀၀၀) သာ ပေးဆောင် ရမည်။
အဆိုပါ ပမာဏများထက် ပိုမို ကောက်ခံခြင်းများရှိပါက နေပြည်တော်ရုံး သို့တိုင်ကြားနိုင်ကြောင်း သိရှိရသည်။
Auto World Journal
No comments:
Post a Comment