သြစတြေးလျနိုင်ငံ၌ တစ်ပတ်ကြာလေ့လာသင်ယူခွင့်ရရှိမည့် Chrysalis Young Leaders Scholarship ပညာသင်ဆု အစီအစဉ် အတွက် အသက်(၁၆)နှစ်ပြည့်ပြီးသည့် မြန်မာကျောင်းသားကျောင်းသူလူငယ်များ အမြန်စာရင်းပေးသွင်း လျောက်ထားနိုင်သည် ဟု မြန်မာ့ပညာရေး ၀န်ဆောင်မှုအသိုင်းအ၀ိုင်း CROWN Education မှ သိရသည်။
University of Queensland's Emmanuel College မှ မြန်မာကျောင်းသားများအတွက် ရွေးချယ်ပေး အပ်မည့် အဆိုပါ အစီ အစဉ်၌ ယနေ့ခေတ်ကာလ အဓိက ပြသာနာ၊ အကြောင်း အရာများ(Major Issues)ကို ဆွေးနွေး လေ့လာနိုင်မည်ဖြစ်ပြီး အောက်တိုဘာ (၁၁)ရက်နေ့တွင် နောက်ဆုံးထား၍ CROWN Educationမှတဆင့် လျှောက်ထားနိုင်ခြင်းဖြစ်သည်ဟု CROWN Educationမှ သိရှိရသည်။
“ ရွေးချယ်ခံရတဲ့ ကျောင်းသားတွေအနေနဲ့ သြစတြေးလျကို တစ်ပတ်ကြာ သွားရောက်သင်ယူခွင့် ရရှိသလို လေ့လာရေးခရီး ထွက်ခြင်း၊ဦးဆောင်မှုဆိုင်ရာ ဟောပြောပွဲတွေကိုလည်း ဝင်ရောက်ဆွေးနွေးနိုင် မှာ ဖြစ်ပါတယ်” ဟု CROWN Education မှ Admission Manager မကျော့မွန်သာက ပြောသည်။
အဆိုပါအစီအစဉ်၌ နိုင်ငံအသီးသီးမှ ထူးချွန်သောလူငယ် လူရွယ်များနှင့်အတူ မိမိနိုင်ငံ၏ ယဉ်ကျေးမှုဓလေ့စရိုက်နှင့် လက်ရှိ ကာလ၌ ရင်ဆိုင်နေသည့် ပြသာနာအချို့ကိုလည်း အမြင်ချင်းဖလှယ် ခွင့် ရရှိမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။
Chrysalis Young Leaders ပရိုဂရမ် စတင်မည့်ရက်မှာ ဒီဇင်ဘာလ(၈)ရက်မှ ဒီဇင်ဘာလ (၁၅) ရက်နေ့အထိဖြစ်ပြီး လျှောက် ထားရာ၌ အသက်(၁၆)နှစ်ပြည့်ပြီး အင်္ဂလိပ်စာစွမ်းရည် IELTS 5.5 နှင့် ညီမျှရန် လိုအပ်သော်လည်း IELTS ရမှတ်တင်ပြရန် မလိုဟု သိရသည်၊၊
“ အဓိကကတော့ တယ်လီဖုန်းအင်တာဗျူး ကောင်းမွန်စွာ ဖြေဆိုနိုင်ရမှာပါ၊ ပညာသင်ဆုလျှောက် ထားရခြင်း ရည်ရွယ်ချက်နဲ့ ရည်မှန်းချက်တွေကို စာလုံးရေ(၂၅ဝ)ခန့်နဲ့ စာစီကုံးရေးသားတင်ပြဖို့ လိုပါတယ်” ဟု ပညားဝန်ဆောင်မှုနယ်ပယ်မှ အကြံပေး အဆင့်ရှိ အရာရှိတစ်ဦးက Chrysalis Young Leaders ပရိုဂရမ်နှင့်ပတ်သက်၍ ရှင်းပြသည်။
လျောက်ထားသူသည် နိုင်ငံကူးလက်မှတ် လိုအပ်သလို What role can social media play in leadership? ၊ Are there particular responsibilities required of leaders in the age of social media? ၊ What challenges and opportunities does social media present to business? အစရှိသည့်ခေါင်းစဉ် ၃ခုအနက်မှ နှစ်သက်ရာတစ်ခုကို ရေးသားတင်ပြရမည်ဟု သိရသည်။
ကျောင်းလျှောက်ထားခြင်းဆိုင်ရာ အသေးစိတ် သိရှိလိုသူများအနေဖြင့် CROWN Education အမှတ် ၂၇ဝ၊ ပထမထပ်၊ အခန်း(1 B) ပြည်လမ်း ၊ မြေနီကုန်း ၊ ဖုန်း– ဝ၉ ၇၃၂ ၇၃၂၇၇ နှင့် ဝ၁ ၅၂၇ ၈၃၈ သို့ ဆက်သွယ်စုံစမ်းနိုင်သည်။
Myit Ma Kha Media Group
No comments:
Post a Comment