Monday, October 14, 2013

စိမ်းပြာရေညှိထုတ်လုပ်မှု သိသာစွာကျဆင်းနေခြင်းကို ပညာရှင်များအဖြေရှာ


 မြန်မာ နိုင်ငံတွင် ကမ္ဘာ့ရှားပါး သယံဇာတ တစ်ခုဖြစ်သည့် စိမ်းပြာရေညှိထုတ် လုပ်နိုင်မှုမှာ ၇၅ရာခိုင်နှုန်းအထိ လျော့ကျသွားသည့်အပေါ် ပညာ ရှင်များက ဝိုင်းဝန်းအဖြေရှာလျက် ရှိကြောင်း သိရသည်။

ယင်းစိမ်းပြာရေညှိမှာ မြန်မာ နိုင်ငံအပါအဝင် မက္ကဆီကို၊ ကင် ညာ၊ အီသီယိုပီးယား၊ တရုတ်နှင့် ချဒ်နိုင်ငံတို့တွင်တွေ့ရှိရပြီး မြန် မာနိုင်ငံ တွင် ဒေသလေးခု၌တွေ့ရှိ ရကာ တွင်းတောင်မှထွက်ရှိသည့် စိမ်းပြာရေညှိ မှာ အကောင်းဆုံး ဖြစ်ကြောင်း သိရသည်။

အမှတ်(၃)ဆေးဝါးလုပ်ငန်းစက်ရုံ(စစ်ကိုင်း)မှ DGM ဒေါက် တာမေယုခိုင်က ''ကျွန်မတို့သတိ ထားမိတာကတော့ ၂၀၀၆မှာ Water Level မြင့်တက်လာ တာကို သတိထားမိပါတယ်။ မိုးရေချိန် လျော့ကျပေမယ့်လဲ Water Level မြင့်တက်လာတာက လျော့ကျလာ ခြင်းမရှိပါဘူး။ သူက ရေမကြိုက် ပါဘူး။ ၂၀၁၂-၂၀၁၃ မှာဆိုရင် ၇၅ ရာခိုင်နှုန်းအထိ လျော့ကျသွား တာကိုတွေ့ရပါတယ်''ဟု အောက် တိုဘာ ၁၂ရက်က ရန်ကုန်မြို့ရှိ ယုဇနဟိုတယ်၌ကျင်းပခဲ့သည့် အ လုပ်ရုံဆွေးနွေးပွဲတွင် ပြောကြား ခဲ့သည်။

ယင်းနှင့်ပတ်သက်ပြီး ပတ် ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပညာရှင်တစ်ဦးက ''သယံဇာတ ဆိုရင် သစ်တော၊ သတ္တုတွေကိုပဲ မြင်ကြပါတယ်။ စိမ်းပြာရေညှိ ကို ဆိုရင် ရှိမှန်းလဲမသိကြပါဘူး။ ထိန်း သိမ်းရကောင်းမှန်းလဲ မသိကြပါ ဘူး။ ရှားပါးသယံဇာတဖြစ်တဲ့အ တွက် ထိန်းသိမ်းသင့်ပါတယ်''ဟု ပြောသည်။

အဆိုပါအလုပ်ရုံဆွေးနွေး ပွဲတွင် စက်မှုဝန်ကြီးဌာနမှ ပြည် ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ဓာ တုဗေဒပညာရှင် ဒေါက်တာမောင် ဒီ၊ မိုးလေဝသနှင့် ဇလဗေဒပညာ ရှင် ဒေါက်တာထွန်းလွင်၊ သစ်တော ပညာရှင်ဦးအုန်းနှင့် တက်ရောက် လာသည့်ပညာရှင်များက ရှုထောင့် ပေါင်းစုံ မှ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment