ဆီး ဂိမ်းပြိုင်ပွဲကာလတွင် ရန်ကုန် မြို့မှ ယာဉ်မောင်း၊ ယာဉ်နောက် လိုက်များ နေပြည်တော်တွင်အ လုပ်လုပ်ရန် စီစဉ်နေခြင်းသည် မထသမှ ညွှန်ကြားခြင်းမဟုတ်ဘဲ ကိုယ့်အစီအစဉ်သာ ဖြစ်ကြောင်း မထသဗဟိုဥက္ကဋ္ဌ ဦးလှအောင် က ပြောသည်။လက်ရှိတွင် ရန်ကုန်မြို့၌ ပြေးဆွဲနေသည့် ၁၂၄ ယာဉ်လိုင်း နှင့် ၄၈ယာဉ်လိုင်းတို့မှ ယာဉ် မောင်းနှင့် ယာဉ်နောက်လိုက်များ ဆီးဂိမ်းပြိုင်ပွဲကာလတွင် နေ ပြည်တော်တွင် အလုပ်လုပ်ရန်ရှိ နေပြီး ယင်းသို့လုပ်ကိုင်ခြင်းသည် ကိုယ့်အစီအစဉ်ဖြင့်သာ သွား ရောက်ခြင်းဖြစ်ကြောင်း သိရ သည်။
ယင်းနှင့်ပတ်သက်၍ မထ သ ဗဟိုဥက္ကဋ္ဌ ဦးလှအောင်က ''ယာဉ်မောင်းတွေ၊ ယာဉ်နောက် လိုက်တွေ ဆီးဂိမ်းကာလမှာနေ ပြည်တော်သွားပြီး အလုပ်လုပ်ဖို့ ညွှန်ကြားချက် ထုတ်ပြန်ထား တာမရှိပါဘူး။ နေပြည်တော်မှာ စပွန်ဆာပေးထားတဲ့ ကားတွေ ရှိတယ်။ ဒီကားတွေကိုသက်ဆိုင် ရာနဲ့ ချိတ်ဆက်ပြီး ကိုယ့်အစီအ စဉ်နဲ့ မောင်းတာမျိုးပါ''ဟု ၎င်း က ပြောသည်။
ဆီးဂိမ်းပြိုင်ပွဲကာလတွင် ရန်ကုန်မှ နေပြည်တော်သို့ယာဉ် လိုင်းအသစ် သုံးလိုင်း၊ ယာဉ်၂၂စီး ထပ်မံဖြည့်တင်းရန် လျာထားပြီး လက်ရှိတွင် ယာဉ်လိုင်းကိုးလိုင်း မှ ယာဉ်အစီးရေ၄ရစီးပြေးဆွဲ နေသည်။ယင်းနှင့်ပတ်သက်၍ ၁၂၄ ယာဉ်လိုင်းမှကိုဘိုဘိုက''ဆီးဂိမ်း ပြိုင်ပွဲကာလမှာ နေပြည်တော် မှာ သွားပြီး အလုပ်လုပ်မှာပါ။ ဌာနဆိုင်ရာက ငှားတာ နေ့တွက် ခနဲ့ပေးမယ်လို့သိရတယ်။ ဘယ် လောက်ပေးမယ်ဆိုတာ မသိရ သေးဘူး''ဟု၎င်းက ပြောသည်။
ဆီးဂိမ်းပြိုင်ပွဲကာလတွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နှင့် ငွေဆောင်၌ အားကစားကွင်း/ ရုံများတွင် စီးလုံးငှားယာဉ်များ ထားရှိပေးသွားမည်ဖြစ်ကာ ယာဉ် ငှားရမ်းခဈေးနှုန်းများကို သယ် ယူပို့ဆောင်ရေးကော်မတီမှ ဈေး နှုန်းသတ်မှတ်ပေးထားသည်။
Yangon Media Group
No comments:
Post a Comment