Monday, October 7, 2013

နိုင်ငံတော် သမ္မတဇနီး၏ မွေးရပ်မြေတွင် လူမျိုးစု နှစ်ခု ရုန်းရင်းဆန်ခတ်ဖြစ်

 နိုင်ငံ တော်သမ္မတ၏ ဇနီးဖြစ်သူ ဇာတိ မွေးရပ်မြေဖြစ်သည့် ကျောင်းကုန်း မြို့တွင် အောက်တိုဘာ ၅ရက် ညပိုင်းက လူမျိုးစုနှစ်ခုကြား ရုန်း ရင်းဆန်ခတ်မှုများ ဖြစ်ပေါ် ခဲ့ ကြောင်း ကျောင်းကုန်းမြို့ဒေသ ခံများထံ မှ သိရသည်။

အောက်တိုဘာ ၅ရက် ည ရနာရီခန့်က စတင်ပြီး ဧရာဝတီ တိုင်းဒေသကြီး ကျောင်းကုန်းမြို့ အမှတ်(၂)ရပ်ကွက် ဗောဓိကုန်း အရပ်တွင် အရွယ်မရောက်သူ မြန်မာအမျိုးသမီးငယ်တစ်ဦးကို အစ္စလာမ် အမျိုးသားတစ်ဦးက အဓမ္မပြု ကျင့် သည် ဟုဆိုကာ လူ မျိုးစုနှစ်ခုကြား ရုန်းရင်းဆန်ခတ် မှုဖြစ်ပေါ်ခဲ့သဖြင့် နေအိမ်လေး လုံးပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကို ရဲတပ်ဖွဲ့ ဝင်များနှင့် မြို့ပေါ်မှ လူမှုရေး အဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ ၏ ထိန်းသိမ်းမှုကြောင့် ည၁၂ နာရီဝန်းကျင်တွင် လူအုပ်စုများ ကွဲသွားခဲ့ကြောင်း မြို့ပေါ်ရပ် ကွက်မှဒေသခံတစ်ဦးက ရန်ကုန် တိုင်းမ်သတင်းစာသို့ ပြောသည်။ ''ဖြစ်နေတာက နေ့လယ် ၁၂ နာရီလောက်က ဖြစ်တာ၊ ၁၄ နှစ်ခန့်ရှိတဲ့ အမျိုးသမီးတစ်ဦး ကို အသက်၎ဝအရွယ်လောက်ရှိ တဲ့ အစ္စလာမ်ဘာသာဝင်က အ ဓမ္မပြုကျင့်တာကို မိခင်က ရဲစခန်း ကို အကြောင်းကြားရာကတစ် ဆင့် တောရွာတွေ က လူတွေသိ သွားပြီး ညရနာရီလောက် မြို့ ပေါ်ကို ရောက်လာတာထိန်းမရ သလို ဖြစ်ကုန်တယ်''ဟု အောက် တိုဘာ၅ရက် ညပိုင်းအခြေအနေ ကို ကျောင်းကုန်းမြို့ပေါ်ရပ် ကွက် နေပြည်သူတစ်ဦးက ပြောသည်။

ယင်းနှင့်ဆက်စပ်ပြီး ယနေ့ နေ့လယ်ပိုင်းက ကျောင်းကုန်းမြို့ ပေါ်တွင် ထွက်ပေါ်နေသော ကော လာဟလ သတင်းများကြောင့် ည ပိုင်း ဖွင့်လှစ်ထားသည့် ဆိုင်များ မှာ ပိတ်သိမ်းခဲ့ရပြီး တစ်မြို့လုံး စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ယင်းတို့ထံမှ သိရသည်။ ''အဓမ္မပြုကျင့်တယ်ဆိုပြီး ရဲကို အတိုင်ခံရတဲ့လူရဲ့အိမ်အပါ အဝင် အိမ်လေးလုံးလောက် ပျက် သွားတယ်။ ဆရာတော်တွေ၊ မြို့ မိမြို့ဖတွေ ဝိုင်းထိန်းသိမ်းတဲ့အ တွက် ည ၁၂ နာရီလောက်မှာ တောရွာတွေက လူတွေပြန်သွား တဲ့အတွက် အခြေအနေကိုထိန်း လိုက်နိုင်တယ်''ဟုယင်းကဆက် လက်ပြောသည်။

ယခုအခါ အနီးအနားရှိမြို့ နယ်များမှ ရဲတပ်ဖွဲ့ဝင်များသည် ကျောင်း ကုန်းမြို့၏ လုံခြုံရေးကို တာဝန်ယူထားကြောင်း မြို့ခံလူ ထုထံမှ သိရပြီး အခြေအနေအ များစုမှာ တည်ငြိမ်နေပြီဖြစ် ကြောင်း ဧရာဝတီတိုင်းဒေသကြီး ခရိုင်ရဲမှူး တစ်ဦး၏ ပြောကြား မှုအရ သိရသည်။ ''ကိုယ့်မြို့နယ်ထဲကို အဲဒီ မြို့က မူဆလင်တစ်ဦးဝင်လာလို့ ပဋိပက္ခဖြစ်မှာစိုးတဲ့အတွက် ပြန် ပို့ထားလိုက်တယ်။ အခုချိန်အထိ တော့ ကျောင်းကုန်းမှာ ဘာဖြစ် တယ်ဆိုတာ မကြားရတော့ပါဘူး။ တည်ငြိမ်နေ ပါပြီ''ဟု အမည် မဖော်လိုသူခရိုင်ရဲမှူးက အောက် တိုဘာ ၆ရက် ညနေ၆နာရီခန့် တွင် ပြောသည်။

Yangon Media Group

No comments:

Post a Comment