Tuesday, October 8, 2013

သီတဂူအဖွဲ့၏ အကူအညီဖြင့် မြန်မာပြည်ပြန်ရောက်သော်လည်း နေရပ်ပြန်ရန်အခက်တွေ့လုပ်သားများအား ၈၈ ကူညီမည်

သီတဂူ အထောက်အကူပြုအဖွဲ့၏ အကူအညီဖြင့် မလေးရှား မှ မြန်မာလုပ်သား ၁၇၅ ဦး ပြန်လည်ရောက်ရှိလာရာတွင် ၄၆ ဦး မှာ နေရပ်သို့ပြန်ရန် အခက်အခဲဖြစ်နေ သည့်အတွက် ၈၈ မျိုးဆက် အလုပ်သမားရေးရာမှ ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

”နေရပ်ဒေသကို ပြန်ရောက်နိုင်ဖို့ရာအတွက် အလုပ်သမား ဝန်ကြီးဌာနကို လှမ်းပြီးတော့ အကြောင်းကြားပေးမယ်။ အဲဒီ အပေါ်မှာ အလုပ်သမားဝန်ကြီးဌာနက ဘယ် လိုဆောင်ရွက်ပေး မယ်ဆိုတာ မသိသေးဘူး”ဟု ၈၈ မျိုးဆက်အလုပ်သမားရေးရာကိစ္စ အကူအညီေ ဆာင်ရွက်ပေးေ နသော ဒေါ်မာမာ ဦးက ပြော သည်။သီတဂူ အဖွဲ့၏ အကူအညီဖြင့် မလေးရှားနိုင်ငံတွင် ဖမ်းဆီး ခံထားရသော လုပ်သား ၈၁ ဦးနှင့် မြန်မာနိုင်ငံသို့ ပြန်ရန် အခက် အခဲ ဖြစ်နေသော လုပ်သား ၉၄ ဦး စုစုပေါင်း ၁၇၅ ဦးတို့သ ည် အောက်တိုဘာ ၈ ရက် ညနေ ၄ နာရီတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက် ရှိခဲ့သည်။

ထိုသို့ ပြန်လည်ရောက်ရှိလာသူများထဲမှ ၄၆ ဦးမှာ နေရပ်သို့ ပြန်ရန် အခက်အခဲဖြစ်နေ၍လေဆိပ်တွင် ၂ နာရီခန့် စောင့်ဆိုင်း နေခဲ့ရပြီး မီဒီယာ၏ အကူ အညီတောင်း ခံမှုကြောင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကူညီဆောင်ရွက်ရန် ရောက်ရှိလာခဲ့ကာ ၎င်းတို့တစ်ညတာနေထိုင်ရေးအတွက် တာဝန် ယူကာ ခေါ်ေ ဆာင်သွားခဲ့ကြောင်း သိရသည်။

 ပြန်လည်ရောက်ရှိလာသူများထဲမှ ရခိုင်ပြည်နယ်တွင် နေထိုင် သော ကိုခိုင်မိုးလွင်က ”သံရုံးကပြောတော့ သူတို့က ကူညီပေးမယ် ပေါ့။ ဒီကိုရောက်ရင်အဆက်အသွယ်တောင် လုပ်စရာ မလိုဘူး။ အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ပေးမယ်ဆိုပြီး အခု ဒီရောက် တော့ ဘာမှ ကူညီမပေး ပါဘူး” ဟု ပြော သည်။ နေရပ်သို့ ပြန်ရန်အခက်အခဲဖြစ်သူ ၄၆ ဦးမှာ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ် စသည့်ဒေသများတွင်နေထိုင်သော တိုင်းရင်းသား လူမျိုးများဖြ စ်ကြောင်း သိရ သည်။ယင်း ၄၆ ဦးအား နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးနိုင်ရန် ၈၈ မျိုးဆက် အလုပ်သမားရေးရာမှ  အလုပ်သမားဝန်ကြီးဌာန၏ ခွင့်ပြုချက်တောင်းခံကာ ဆက် လက်ေ ဆာင်ရွက်သွားမည်ဖြစ်ပြီး အလုပ်သမားဝန်ကြီးဌာနမှ ၄င်းတို့အတွက် လတ်တလော ထောက်ပံ့ငွေအဖြစ် တစ်ဦးလျှင် ကျပ် ၃ဝဝဝ ကူညီပေးခဲ့ကြောင်း သိရသည်။

ခိုင်နွယ်ဦး

No comments:

Post a Comment