
ထိုင်း အလှမယ်က အသက် အစိတ် ရှိပါပြီ။ သူ့ဖေ့စ်ဘုတ်ကို ကြည့်လိုက်တော့ ပရိသတ် တသောင်း ရှိတာ တွေ့ရပါတယ်။ မြန်မာအလှမယ် မိုးစက်ထက် ဖေ့စ်ဘုတ်ပရိသတ် လေးငါးဆ လျော့နည်းပါတယ်။
သူက မိုးစက်နဲ့ တူတဲ့အချက်တခုကတော့ ပြည်ပတက္ကသိုလ်တခုမှာ ပညာသင်ယူခဲ့ခြင်းပါ။
ဗြိတိန်နိုင်ငံ Bournemouth တက္ကသိုလ်ကနေ မဟာဘွဲ့ ယူခဲ့သူပါ။ အထူးပြုသင်ယူခဲ့တဲ့ ဘာသာရပ်ကတော့ Tourism Management and Marketing ဖြစ်ပါတယ် တဲ့။
ထိုင်းအလှမယ်နဲ့အတူ ပြိုင်ဘက်အများအပြားရဲ့ ပုံတွေကိုလည်း ဖော်ပြလိုက်ပါတယ်။
ပြိုင်ပွဲဝင်တချို့ဟာ ကျွန်းနိုင်ငံတချို့ကို ကိုယ်စားပြုသူတွေပါ။ တချို့ကျွန်းတွေဆိုရင် လူဦးရေ အင်မတန် နည်းပါတယ်။ သောင်းဂဏန်း၊ သိန်းဂဏန်းပဲ လူနေထိုင်မှုရှိတဲ့ ကျွန်းတွေ ဖြစ်ပါတယ်။





























No comments:
Post a Comment